သင်ဟာသီချင်းဆိုခြင်းကို နှစ်သက်သူတစ်ယောက်လား။ ဂီတကိုခံစားတတ်တဲ့ လူတိုင်းလိုလို သီချင်းဆိုတာရတာ နှစ်သက်ကြမယ် ထင်ပါတယ်။ အများအားဖြင့် သီချင်းဆိုတယ်ဆိုတာ ပျော်ရွှင်မှုရဲ့ သင်္ကေတလို့ သတ်မှတ်ထားကြပေမယ့် ပျော်ရွှင်မှုတစ်ခုထက်ပိုတဲ့ အံ့မခန်းအကျိုးကျေးဇူးတွေ သီချင်းဆိုခြင်းမှာ ရှိနေတာဖြစ်ပါတယ်။
ကာရာအိုကေဆိုင်မှာ သီချင်းသွားဆိုမှ မဟုတ်ပါဘူး။ အိမ်မှာနေရင်းနဲ့ပဲ နေ့တဒူဝလုပ်ငန်း ဆောင်တာတွေ လုပ်ကိုင်ရင်း သီချင်းသီဆိုလိုက်ရုံနဲ့လည်း ဒီလိုအကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် သီချင်းဆိုဝါသနာပါတဲ့သူတိုင်း သီချင်းဆိုခြင်းကနေ ဘယ်လိုမျိုး အကျိုးထူးတွေ ရရှိလာနိုင်လည်းဆိုတာ သိရစေဖို့ ပြောပြပေးလိုက်ပါတယ်။

Source : ABC
စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အချိန် ပေါက်ကွဲသံစဉ်တွေဖြစ်တဲ့ ရောခ့်သီချင်းကြမ်းကြမ်းလေးတွေ အော်ဟစ်လိုက်မယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာတင် စိတ်ဖိစီးမှုတစ်ဝက်လောက် လျော့ကျသွားစေမှာဖြစ်ပါတယ်။ ရောခ့်သီချင်းမှမဟုတ်ပါဘူး ကိုယ်ကြိုက်တဲ့ ဘယ်လိုဂီတအမျိုးအစားကိုမဆို သီဆိုလို့ရပါတယ်။
သီချင်းဆိုတဲ့အခါ အနည်းဆုံးတော့ သီချင်းနဲ့ လိုက်ဖက်တဲ့ Performance လေးတွေ လုပ်ဖြစ်ကြပါတယ်။ ဒီလို Performance လေးတွေပြုလုပ်တဲ့အခါ သီချင်းပေါ်မှာထားတဲ့ ကိုယ်ရဲ့ခံစားမှုအရှိန်ကို ပိုမိုမြင့်တက်စေပြီး ကိုယ်လက်လှုပ်ရှားမှုဟန်ပါတွေကလည်း ပါဝင်လာတာကြောင့် လေ့ကျင့်ခန်းပြုလုပ်ပြီးသားဖြစ်စေမှာပါ။ ဒါကြောင့် သီချင်းဆိုတဲ့အခါ ကျောက်ရုပ်ကြီးလို ငြိမ်မနေဖို့ အကြံပေးချင်ပါတယ်။

Source : iStock
မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုင်တွေမှာ သီချင်းသွားဆိုတဲ့အခါ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှု Skill ကိုပိုပြီးမြင့်တက်လာစေမှာဖြစ်ပါတယ်။ ဒါ့ပြင် သူငယ်ချင်းတွေအရှေ့ သီချင်းထွက်ဆိုရတာကြောင့် လူအများအရှေ့ ထွက်ရဲတဲ့ သတ္တိတွေရရှိလာနိုင်မယ့်အပြင် ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုပိုတိုးလာစေမှာပါ။
သာမာန်အချိန်ထက် သီချင်းဆိုနေတဲ့အချိန်ဟာ ပိုပြီးစိတ်ကိုပျော်ရွှင်တက်ကြွစေတယ်လို့ ဆေးပညာရှင်များရဲ့ လေ့လာသုံးသပ်ချက်အရ တွေ့ရပါတယ်။ သီချင်းသံတွေ တီလုံးတွေဟာ လူတွေရဲ့ စိတ်ကိုလန်းဆန်းတက်ကြွလာစေပြီး ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ သီချင်းမဆိုရင်တောင် သီချင်းသံမြူးမြူးလေးကြားရင် မသိမသာခြေထောက်ဆောင့်တာ ခေါင်းလေးငြိမ့်တာလောက်တော့ လုပ်ကြမယ်ထင်ပါတယ်။ ဒါဟာ စိတ်ရဲ့ ပျော်ရွှင်မှုသင်္ကေတတစ်ခု ဖြစ်ပါတယ်။
