အဝတ်ဗလာနဲ့ အိပ်စက်တာက ရှက်စရာကြီးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်ချိန်မှာ အဝတ်ဗလာနဲ့အိပ်စက်ခြင်းက လန်းဆန်းစေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေများစွာရှိနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ညအိပ်ချိန်မှာ ဘာကြောင့် အဝတ်ဗလာနဲ့ အိပ်စက်သင့်လဲ ၊ အဝတ်ဗလာနဲ့ အိပ်စက်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်လို့ပိုကောင်းစေတယ်

Photo : Men’s Journal

ညဘက်အဝတ်ဗလာနဲ့ အိပ်စက်ခြင်းဟာ သင့်ကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေး အိပ်စက်ခြင်းဆိုင်ရာ အကြံပေး W. Christopher Winter က ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က အအေးဓာတ်များတဲ့ အချိန်မှာပိုပြီး ကောင်း မွန်စွာ အိပ်ပျော်စေတယ် မဟုတ်လား။ အဝတ်ဗလာနဲ့ အိပ်စက်တဲ့အခါမှာတော့ ခန္ဓာကိုယ်အပူချိန်က မြန်မြန်ပဲလျော့ကျသွားစေမှာဖြစ်တာကြောင့် ပိုပြီးလျင်လျင်မြန်မြန်အိပ်ပျော်စေမှာဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်လို့လည်း ပိုကောင်းစေမှာဖြစ်ပါတယ်။

(၂) သွေးပေါင်လျော့ကျစေတယ်


Photo : Men’s Journal

အိမ်ထောင်သည်တွေအနေနဲ့ အဝတ်ဗလာနဲ့ အိပ်စက်တဲ့အခါ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ အောက်ဆီတိုစင်ဟော်မုန်းကို မြှင့်တင်ပေးတာကို တွေ့ရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အသားချင်းထိစပ်နေခြင်းက ဦးနှောက်ဆီကို အောက်ဆီတိုစင် (oxytocin) ဟော်မုန်း ထုတ်လွှတ်ဖို့ လှုံဆော်ပေးပြီး ၎င်းဟော်မုန်းဓာတ်က သွေးပေါင်ချိန်ကို ကျဆင်းစေကာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။

(၃) ယုံကြည်မှုတိုးစေတယ်


Photo : Man of Many

အဝတ်ဗလာနဲ့ အိပ်စက်အနားယူခြင်းက ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အကောင်းဆုံးချိတ်ဆက်မှုတစ်ခုဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုတိုးပွါးစေနိုင်ပါတယ်။ ဝတ်လစ်စလစ်နေခြင်းဟာ ကိုယ့်ရဲ့ ရှိရင်းစွဲခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လက်ခံနိုင်စွမ်းကိုမြင့်မားလာစေနိုင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရလာမှာအသေချာပါပဲ။

(၄) သင့်ပါတနာနဲ့ ရင်းနှီးမှုကို မြှင့်တင်ပေးတယ်


Photo : Crello

အဝတ်မပါပဲ အိပ်စက်တတ်ကြတဲ့စုံတွဲတွေမှာ ပိုပြီးပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဆက်ဆံရေးမျိုးရှိတတ်ကြတယ်လို့ ဗြိတိန်အိပ်ရာခင်း ကုမ္ပဏီတစ်ခုရဲ့ လူတစ်ထောင်စစ်တမ်းအရ သိရပါတယ်။ စစ်တမ်းအရ ၅၇% သော အဝတ်မပါ အိပ်စက်သူတွေဟာ ၄၈% သောညဝတ်အင်္ကျီနဲ့ အိပ်စက်တတ်သူများထပ် ဆက်ဆံရေးမှာ ပျော်ရွင်မှုပိုရရှိတတ် ကြပါတယ်။ တစ်နည်းအားဖြင့် စိတ်ခံစားချက်အရသာမက အထိအတွေ့အားဖြင့်ပါ ချိတ်ဆက်မှုပိုမိုအားကောင်းနိုင်တာကြောင့် တတိယလူဆိုတာတောင် ရှိမလာနိုင်ဘူးလို့ ဆိုရမှာပါ။

Featured Photo : Man of Many