ယောဂလို့ဆိုလိုက်တာနဲ့ အမျိုးသမီးတွေ အတွက်လို့ပဲ လူတွေကမြင်ကြပါတယ်။ အမှန်တော့ ယောဂဆိုတာ လူတိုင်းပြုလုပ်လို့ရပါတယ်။ ယောဂကျင့်တာဟာ လူတွေဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတွေအပြင် စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေးတွေကို တိုးလာစေတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။

ဒီနေ့ kwee page က ယောဂဟာ စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ယောဂဟာ စိုးရိမ်ပူပန်ခြင်း၊ ဒေါသနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတွေကို လျော့ကျစေပါတယ်။

Source: WebMD

ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။

ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ယောဂဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ပိုပြီးကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်စေတာပါပဲ။

Source: Chopra

သွေးဖိအားလျော့စေခြင်း၊ နှလုံးခုန်နှုန်းလျော့စေခြင်းနဲ့ အသက်ရှူတာကို တိုးတက်လာစေတာတွေနဲ့တင် ယောဂက သင့်ရဲ့ စိုးရိမ်မှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကို ဈေးကြီးတဲ့ဆေးတွေမပါရဘဲ ဖြေရှင်းပေးလိုက်နိုင်ပါတယ်။

ပြီးတော့ ယောဂဟာ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။

Source: www.self

သင့်ဘဝမှာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ဖို့ ခဲယဉ်းတဲ့အချိန်တွေကိုလည်း သင်တွေ့နိုငပါတယ်။ ကံကောင်းစွာနဲ့ပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အကြံဉာဏ်ကို သင်အခုရရှိနိုင်သွားပါပြီ။ ယောဂဟာ မှတ်ဉာဏ်ကို ထိထိရောက်ရောက်တိုးတက်စေနိုင်ပြီး အာရုံစူးစိုက်မှုတွေကိုလည်း ပိုကောင်းလာစေတယ်လို့ဆိုပါတယ်။

စိတ်အေးချမ်းစေဖို့နဲ့ စိတ်ရှုပ်တာတွေကို ဖယ်ရှားဖို့ ယောဂဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ ခေါင်းထဲက ဆူညံသံတွေကို ဖယ်ထုတ်လိုက်ပြီး အတွင်းစိတ်ကိုပဲ အာရုံစိုက်လိုက်တဲ့အခါ သင်အရာအားလုံးကို မှတ်မိနေတာမျိုးတွေ၊ အာရုံစူးစိုက်မှုပိုအားကောင်းလာတာတွေကို တွေ့ရမှာပါ။