တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း သင့်တင့်မျှတတဲ့ပမာဏက ကျွနု်ပ်တို့အတွက်ကောင်း ကျိုးများ ဆောင်ကျဉ်းပေးနိုင်ပြီး လွန်ကဲသွားပြီဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကျွနု်ပ်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။ အရက်သောက်သုံးခြင်းကလည်း ထိုနည်းအတိုင်းပါပဲ။ သင့်တင့်မျှတစွာ သောက်သုံးပေးပါက ကိုယ်အလေးချိန်လျော့ချပေးနိုင်တဲ့အပြင် အခြားကျန်းမာရေးကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။
အရက် အမျိုးအစား အများအပြားရှိသည့်အနက် သင့်အနေနဲ့ ဘယ်အရက် သောက်သုံးရတာကို နှစ်သက်ပါသလဲ။ ဂမ်းလွိုင်ရယ်လား၊ ဂရမ်းစမု၊ ဂရမ်းအမဲ၊ ဂရမ်းရွှေလား၊ ဒါမှမဟုတ် ကော့တေး၊ ဗို့ဒ်ကာ၊ ဆိုဒါဝီစကီလား။ ဝိုင်ကြိုက်တယ်ဆိုရင်တောင် ဝိုင်ဖြူကြိုက်သလား။ ဝိုင်နီကြိုက်သလား။
သင့်ရဲ့အကြိုက်ပေါ် မူတည်ပြီး ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် ဝိုင်နီ
ဝိုင်နီတစ်ဖန်ခွက်က ကိုယ်အလေးချိန် လျော့ချပေးဖို့အတွက် ကူညီပေးနိုင်တယ်လို့ အော်ရီဂွန်တက္ကသိုလ်က ပြုလုပ်ထားတဲ့ သုတေသနလေ့လာချက်အရ သိရှိရပါတယ်။ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး အဆီဆဲလ်များကိုနှေးကွေးစေပါတယ်။
အသက်ရှည်ဆေးလို့ တင်စားခံရတဲ့ ဝိုင်ဖြူ
ဝိုင်နီက မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်စေတယ်ဆိုရင် ဝိုင်ဖြူကတော့ အသက်ရှည်ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဝိုင်ဖြူ တစ်ဖန်ခွက် (သို့) နှစ်ဖန်ခွက်ခန့် မှန်မှန်သောက်သုံးပေးတဲ့အလေ့အကျင့်ရှိပါက အသက်ရာကျော်အထိ ကျန်းမာနေမှာ အမှန်ပါပဲ။
အအေးမိဖျားနာခြင်းကို သက်သာစေတဲ့ အရက်
မည်သည့်အရက်အမျိုးအစားမဆို အအေးမိဖျားနာဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံသောက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ် ပုံမှန်မှီဝဲပေးခြင်းအားဖြင့် အအေးမိဖျားနာဝေဒနာကို ၆၀ ရာခိုင်နှုန်းခန့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗို့ဒ်ကာ
ဗို့ဒ်ကာက သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် နှလုံးရောဂါအတွက် အထူးကောင်းမွန်စေပါတယ်။ ဗို့ဒ်ကာထဲမှာ အရက်ပါဝင်မှုနှုန်းက ပိုများတဲ့အတွက်ကြောင့် ဆီးချိုရောဂါအတွက်လည်း ကောင်းမွန်သလို ကိုယ်အလေးချိန်ကျစေတဲ့အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေတဲ့ ဝီစကီ
သင့်လည်ချောင်းက ရှတတနဲ့ လည်ချောင်းနာချင်သလို ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဝီစကီတစ်ခွက်လောက် အားရပါးရမော့သောက်လိုက်ပါ။ အေးတဲ့ရာသီဥတုမှာ ဝီစကီလေး မော့ရင်း အနွေးဓာတ် ခံစားချင်တယ်ဆိုရင်တော့ ဝီစကီလေးကို ရေနွေးနွေးနှင့် ပျားရည်ဖြင့် ဖျော်စပ်ကာ သောက်သုံးနိုင်ပါတယ်။
ကြွက်သားနာကျင်မှုကို သက်သာပျောက်ကင်းစေမယ့် အရက်
သင့်အနေနဲ့ ဝိုင်ပဲသောက်သောက် ဝီစကီပဲသောက်သောက် Alcohol ပါဝင်တဲ့ မည်သည့်အရက်မဆို ကြွက်သားနာကျင်မှုကို သက်သာပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။
ထိုလေ့လာချက်မှာ အမျိုးသားနှစ်ဦးအား ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်စေပြီး အရက်အနည်းငယ် သောက်သုံးစေပါတယ်။ အံ့အားသင့်စွာနဲ့ပဲ ကြွက်သားများနာကျင်မှုကို သက်သာစေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလိုကောင်းကျိုးများ ဆောင်ကျဉ်းပေးတဲ့ အရက်အများအပြားရှိတဲ့အနက် သင့်အနေနဲ့ ဘယ်လိုအရက်မျိုးကို ကြိုက်နှစ်သက်သလဲဆိုတာကို ပြောပြခဲ့ပါဦး။
Source: Eatthis.com