အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့သူဆိုတာ ဈေးကြီးတဲ့ Suit တွေဝတ်နိုင်မှာ ၊ အလန်းစား Super car တွေစီးနိုင်မှလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော် ဒါတွေဟာအချိန်တိုင်း အလုပ်မဖြစ်နိုင်ပါဘူး။ တကယ်တမ်း အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားဆိုတာ အခုပြောပြမယ့်အချက်လေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
(၁) ဟာသဉာဏ်

Photo : Freepik
ယောင်္ကျားလေးတစ်ယောက် ဟာသဉာဏ်ရှိခြင်းဟာ အမျိုးသမီးတွေအတွက်တော့ ဆွဲဆောင်မှုတစ်ခုပါပဲ။ များသောအားဖြင့် ဟာသဉာဏ်ရှိသူတွေဟာ ကိုယ်တိုင်လည်း ပျော်ပျော်နေတက်သလို ကိုယ့်အနားကလူတွေကိုလည်း ပျော်အောင်ထားတက်ကြပါတယ်။ ကိုယ့်ကိုပျော်ရွှင်စေမယ့် ဟာသဉာဏ်ရှိသူတစ်ယောက်ကို သဘောမကျတဲ့အမျိုးသမီးဆိုတာ မရှိနိုင်ပါဘူး။
(၂) ရင်ဘတ်မွေး

Photo : Freepik
ရင်ဘတ်မွေးရှိတာဟာ တကယ်တော့ရှက်စရာတစ်ခုမဟုတ်ပါဘူး။ ရင်ဘတ်မွေး ၊ မုတ်ဆိတ်မွေးကောင်းကောင်းရှိတဲ့ ယောင်္ကျားတွေဟာ သာမာန်ထက်ပိုခန့်ငြားတဲ့အသွင်ကိုဆောင်စေပြီး Sexy ကျကျဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်အဖြစ် အမျိုးသမီးတွေ သဘောကျနှစ်သက်လေ့ရှိကြပါတယ်။
(၃) အရပ်အမောင်း

Photo : Freepik
အမျိုးသမီးအများစုဟာ အရပ်အမောင်းနဲ့ပတ်သတ်ပြီးလည်း serious ဖြစ်ကြပါတယ်။ များသောအားဖြင့် သူတို့ထက်အရပ်ရှည်ပြီး တောင့်တောင့်ဖြောင့်ဖြောင့်ရှိတဲ့သူတွေကို ပိုပြီးသဘောကျလေ့ရှိပါတယ်။ အရပ်ရှည်တဲ့ယောင်္ကျားတွေဟာ အမျိုးသမီးအတွက် ခန့်ငြားပြီးအားကိုးချင်စရာကောင်းတဲ့ ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။
(၄) အသံ

Photo : Freepik
အမျိုးသမီးတွေသဘောကျတဲ့ ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားတစ်ယောက်ရဲ့စံနှုန်းတွေထဲမှာ အသံဩဇာနဲ့ ပြည့်စုံခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ အသံဩဇာရှိသူတွေဟာ စကားပြောတဲ့အခါမှာ တစ်ဖက်ကနားထောင်သူရဲ့စိတ်အာရုံဖမ်းစားနိုင်တဲ့အထိ ဆွဲဆောင်မှုရှိတဲ့ သူတွေပဲမဟုတ်လား။
