ညဘက် ကောင်းမွန်စွာအိပ်စက်အနားယူဖို့ဆိုတာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အစားကောင်းကောင်းစားတာနဲ့ လေ့ကျင့်ခန်းလုပ်သလိုပဲ အပ်ရေးဝဝအိပ်ဖို့ကလည်း လူတစ်ယောက်အတွက် အလွန်အရေးပါပါတယ်။ ကံမကောင်းစွာနဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေက ဘေးပတ်ဝန်းကျင်မှာ အများကြီးရှိနေကြပါတယ်။ လူအများစုက တဖြည်းဖြည်းနဲ့ အိပ်စက်ချိန်နည်းလာကြတယ်။ ဒီနေ့ဆောင်းပါးမှာ အိပ်ရေးဝဝအိပ်ခြင်းက ဘာလို့အရေးကြီးတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။
အိပ်ရေးဝတဲ့လူတွေက ကယ်လိုရီစားသုံးမှု နည်းလာမယ်

Source: Medical News Today
လေ့လာမှုတွေအရ အိပ်ရေးပျက်တာများလာတာနဲ့အမျှ ကယ်လိုရီစားသုံးမှု ပိုများလာတယ်လို့ ဆိုထားပါတယ်။ အကျိုးဆက်ကတော့ လိုအပ်တာထက်ပိုစားမိတာကြောင့် အဝလွန်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
တကယ်လို့ လုံလောက်တဲ့ အိပ်ချိန်ပမာဏ ရရှိနေမယ်ဆိုရင် ကယ်လိုရီပမာဏ စားသုံးမှုနည်းလာပြီး အဝလွန်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
ဝိတ်ကျစေတယ်

Source: Verywell Fit
အဝလွန်ခြင်းက ကိုယ့်ကိုယ်ကိုယ် ကြည့်ရဆိုးစေတယ်လို့ ထင်ရစေနိုင်သလို နောက်ဆက်တွဲအနေနဲ့လည်း နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းမှုပိုဖြစ်စေတယ်။ အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုအားစိုက်ထုတ်နိုင်စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးထားနိုင်တဲ့အတွက် အဝလွန်နေတဲ့သူတွေရော၊ ပိန်တဲ့သူတွေပါ အိပ်ချိန်ကို သေချာဂရုစိုက်သင့်ပါတယ်။
ကိုယ်ခံအားမြှင်တင်ပေးတယ်

Source: Healthline
လေ့လာမှုတွေအရ အိပ်ချိန် (၇) နာရီအောက်ရှိတယ်လူတွေက အိပ်ချိန် (၈) နာနဲ့အထက်ရှိတဲ့လူတွေထက် အအေးမိဖျားနာနိုင်ချေ (၃) ဆခန့်ပိုများတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မကြာခဏ အအေးမိဖျားနာနေတယ်ဆိုရင်တော့ တစ်နေ့ကို အိပ်ချိန် (၈) နာရီနဲ့အထက် အိပ်ဖို့ အကြံပေးပါရစေ။
မှတ်ဉာဏ် ပိုကောင်းလာမယ်

Source: HelpGuide.org
အိပ်ချိန်ပြည့်တာနဲ့အမျှ ဦးနှောက်ဟာ ကျန်းမာသွက်လက်နေပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို အားကောင်းစေလို့ အသက်ငယ်ငယ်လေးနဲ့ မျက်စိမှုန်တာ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်တာ၊ အာရုံကြောအားနည်းတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
