နေ့စဉ်ဘဝထဲမှာ အသားအရေကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ အရာတွေ အစားအသောက်တွေ မှားယွင်းတဲ့လူနေမှုပုံစံတွေ များစွာရှိနေပါတယ်။ အမျိုးသားအများစုဟာ အသားအရေနဲ့ပတ်သတ်ပြီး ထိန်းသိမ်းမှုအားနည်းတဲ့အတွက် အမျိုးသမီးတွေထက်ပိုပြီး အသားအရေပျက်စီးနိုင်ခြေများပါတယ်။ တစ်ခါတစ်လေမှာ သင်ကိုယ်တိုင်တောင် သတိမထားမိပဲလုပ်မိတဲ့ အလေ့အထအမှားတွေကလည်း သင့်ရဲ့အသားအရေးကို ဆိုးရွားစွာထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၁) ကော်ဖီသောက်သုံးခြင်း

Source : Freepik

လိုအပ်တာထက်ပိုပြီး ကော်ဖီအလွန်အကျွံသောက်နေမယ်ဆိုရင် သင့်ရဲ့အသားအရေဟာ အနှေးနဲ့အမြန်ပျက်စီးလာပါလိမ့်မယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က အသားအရေခြောက်သွေ့ခြင်း အရေးအကြောင်းများဖြစ်ပေါ်လာရခြင်းရဲ့အဓိက တရားခံဖြစ်ပါတယ်။

(၂) ဝက်ခြံညှစ်ခြင်း

Source : iStock

ဝက်ခြံမြင်ရင် မနေနိုင်မထိုင်နိုင်ညှစ်မိတဲ့ အလေ့အကျင့်မျိုး တော်တော်များများမှာရှိပါတယ်။ တကယ်တော့ ဝက်ခြံတွေကို ညှစ်လိုက်မယ်ဆိုရင် အရေပြားအတွင်းကို အညစ်အကြေး နဲ့ ဘက်တီးရီယားပိုးမွှားတွေ ပိုမိုဝင်ရောက်လာစေနိုင်ပြီး အသားအရေကို ယခင်ကထက် ပျက်စီးသွားစေနိုင်ပါတယ်။

(၃) ရေပူချိုးခြင်း

Source : Freepik

တစ်ခါတစ်ရံ ရေပူချိုးပေးတာက အသားအရေ ခြောက်သွေ့မှုကို ဖြစ်ပေါ်စေတဲ့ အရေပြားအပေါ်ယံအလွှာကိုဖယ်ရှားပေးတာကြောင့် အသားအရေကျန်းမာရေးအတွက် ကောင်းမွန်တယ်တဲ့ အကျိုးရလဒ်တွေရစေပါတယ်။ သို့သော် မကြာခဏရေပူချိုးမယ် (သို့) အချိန်ကြာကြာရေပူချိုးမယ်ဆိုရင်‌တော့ အသားအရေနီမြန်းခြင်း အရေပြားယားယံခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၄) ရေသောက်နည်းခြင်း

Source : WebMD

ရေဓာတ်က ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်လုံလောက်တဲ့ ရေဓာတ်ပမာဏကိုဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ တနေ့တာအတွက်လုံလောက်တဲ့ ရေဓာတ်ပမာဏကိုသောက်ပေးခြင်းက အိုးမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးရုံသာမက အရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အကယ်၍ ရေဓာတ်လုံလုံလောက်လောက် မဖြည့်တင်းဘူးဆိုရင်တော့ အသားအရေမွဲခြောက်ခြင်း အရေးအကြောင်းများဖြစ်ခြင်း စတဲ့အရေပြားဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။

(၅) မသန့်ရှင်းတဲ့လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်း

Source : Depositphotos

လက်ကိုင်ဖုန်းတွေရဲ့မျက်နှာပြင်မှာ မမြင်နိုင်တဲ့ ဖုန် အညစ်အကြေးများနှင့် ဘက်တီးရီယားပိုးမွှားတွေများစွာ ကပ်ညှိနေတက်ပါတယ်။ သင့်အနေနဲ့ ဖုန်းပြောတဲ့အခါ အဆိုပါသန့်ရှင်းမှုမရှိတဲ့ ဖုန်းမျက်နှာပြင်နဲ့ မျက်နှာကိုတိုက်ရိုက်ထိတွေ့စေတာကြောင့် မျက်နှာအသားအရေပျက်စီးလာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်ကိုင်ဖုန်းတွေကို မကြာခဏသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။

(၆) အဲကွန်းအသုံးပြုမှုများခြင်း

Source : Freepik

အဲကွန်ခန်းထဲမှာ အနေများသူတွေဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်း အသားအရေအစိုဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အဲကွန်းခန်းထဲမှာအနေများတယ်ဆိုရင် မကြာခဏရေသောက်ပေးမျိုးပြုလုပ်ပေးသင့်ပါတယ်။ အဲကွန်း အအေးဓာတ်ကိုလည်း အတက်နိုင်ဆုံးလျော့ထားပေးဖို့ လိုပါလိမ့်မယ်။