PC Gamer ဂိမ်းဝါသနာရှင် ကွီးတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖွင့်ရတဲ့ Survival ဂိမ်း တွေထဲက နောက်ထပ် ဆော့လို့ကောင်းတဲ့ အမိုက်စား ဂိမ်းတချို့ကို ထပ်မံပြီး တင်ဆက်ပေးချင်ပါတယ်။ စွန့်စားခန်း ၊ သည်းထိတ်ရင်ဖို ၊ တိုက်ခိုက်ရေး အက်ရှင် ဂိမ်းတွေနဲ့ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းအမိုက်စားလေးတွေကို ရွေးချယ် ပေးထားပါတယ်။ ကဲဒါဆို ဘယ်ဂိမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Valheim

 

Source : IGN

Valheim ဂိမ်းက ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Survival ဂိမ်း တစ်ခု ဖြစ်ပါတယ်။ Single ရော Multiplayer Modes ၂ ခုလုံး ကစားလို့ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Player က ကိုယ်ပိုင်ရဲတိုက်တွေ တည်ဆောက်ရမယ် ၊ တောနက်ကြီးထဲက နေရာအသစ်တွေကို စူးစမ်းရှာဖွေရမယ် ပြီးတော့ သားရဲတွေနဲ့ တိုက်ခိုက်ပြီး အသက်ရှင်သန်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက အမိုက်စား Graphic တွေနဲ့ Viking Theme ကို အခြေခံထားတဲ့ အကောင်းဆုံး Survival ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၂) Rust

 

Source : PlayStation

Rust ဂိမ်းက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ နာမည်ကြီး Action-Packed Survival ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Multiplayer ဂိမ်း ဖြစ်ပြီး ဂိမ်းထဲမှာ တောရိုင်းတိရစ္ဆာန်တွေ အပါအဝင် Player တွေ အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ရမယ့် တိုက်ခိုက်ရေး အက်ရှင် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Player တွေက သူတို့ရဲ့ ကိုယ်ပိုင်စခန်းတွေ တည်ဆောက်ပြီး စိတ်ကြိုက်ဖန်တီးထားတဲ့ လက်နက်တွေနဲ့ တိုက်ပွဲအတွက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

(၃) ARK:Survival Evolved

Source : ARK:Survival Evolved

ARK: Survival Evolved ဂိမ်းက ၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ အမိုက်စား အက်ရှင် – စွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Survival ဂိမ်း တွေထဲမှာတော့ အကောင်းဆုံး ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဂိမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ARK ကျွန်းကြီး တစ်ကျွမ်းပေါ်မှာ တည်ဆောက်ထားပါတယ်။ Player တွေက ထူးဆန်းတဲ့ ရှေးခေတ်သတ္တဝါကြီးတွေ ၊ သဘာဝ ဘေးကပ်ဆိုးတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ပြီး အသက်ရှင်သန်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

(၄) The Forest

Source : GameSpot

The Forest ဂိမ်းက သည်းထိတ်ရင်ဖို Survival Horror ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Single ၊ Multiplayer Modes တွေ ကစားလို့ရမှာ ဖြစ်ပြီး ဂိမ်းရဲ့ ပုံစံက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Player က တောထဲမှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ နေရာက ကစားရမှာပါ။ လျှို့ဝှက်ဆန်းကျယ်တဲ့ ထူးထူးဆန်းဆန်း အရာတွေကို ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ကြောက်မက်ဖွယ် အသားစား သန္ဓေပြောင်း သတ္တဝါတွေနဲ့ စွန့်စွန့်စားစား ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပြီး စခန်းနဲ့ လိုအပ်တဲ့ လက်နက်ကိရိယာတွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။

(၅) State Of Decay 2

Source : outsidexbox

State of Decay 2 ဂိမ်းက အကောင်းဆုံး Survival ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ Open-World Fantasy ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းဟာ State of Decay ရဲ့ နောက်ဆက်တွဲ ထွက်ရှိလာတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Zombie တွေ နေရာအနှံ့ ပြန့်နှံ့လာပြီးနောက် အသက်ရှင်ကျန်ရစ်တဲ့ လူတွေစုပြီး မိမိတို့ ကိုယ်ကိုကာကွယ်ဖို့ အရင်းအမြစ်တွေနဲ့ လက်နက်တွေကို စုဆောင်းသွားရမှာ ဖြစ်ပါတယ်။ Zombie တွေနဲ့ စိတ်လှုပ်ရှားဖွယ် ရင်ဆိုင်ရမယ့် အမိုက်စား Survival ဂိမ်း တစ်ခု ဖြစ်ပါတယ်။

(၆) Astroneer

Source : Xbox

System Era Softworks က ဖန်တီးခဲ့တဲ့ Astroneer ဂိမ်းဟာ Single နဲ့ Multiplayer ဆော့ကစားနိုင်မယ့် အမိုက်စား စွန့်စားခန်း ဂိမ်းတစ်ခုဖြစ်ပါတယ်။ အာကာသထဲက လှပတဲ့ အပြင်အဆင်တွေ ၊ Graphic အမိုက်စားတွေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Player က အသစ်သစ်သောအရာတွေကို ရှာဖွေးရင်း အသက်ရှင်သန်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တခြား Players တွေနဲ့လည်း အဖွဲ့လိုက်လုပ် ဆောင်နိုင်ပြီး အာကာသစွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖွယ်ရာ Survival ဂိမ်း တစ်ခု ဖြစ်ပါတယ်။

Featured Photo : Siachen Studios