ဒီနေ့ခေတ် ဂိမ်းချစ်သူတွေကြားမှာတော့ စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖွင့်ရတဲ့ Survival ဂိမ်း တွေက အရမ်းကို ရေပန်းစားပါတယ်။ Survival ဂိမ်းတွေရဲ့ အဓိကအရေးကြီးတဲ့ အချက်က အဆုံးအထိ အသက်ရှင်ကျန်ရစ်နေဖို့ပဲ ဖြစ်ပါတယ်။ စွန့်စားခန်းတွေဖွင့်ရမယ် ၊ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွဲရမယ် ၊ အချက်အလက်တွေစုဆောင်းရမယ် ၊ ပဟေဠိတွေအဖြေရှာရမယ်။ ပြောရရင် Survival ဂိမ်းတွေဟာ လှုပ်လှုပ်ရှားရှားနဲ့ ဉာဏ်ကိုလွှာသုံးပြီး ကစားရမယ့် စိတ်ဝင်စားစရာ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ PC Gamer တွေအကြိုက်တွေ့စေမယ့် အကောင်းဆုံး Survival ဂိမ်း တွေပဲ ဖြစ်ပါတယ်။

(၁) Subnautica

Source : Subnautica

Subnautica ဂိမ်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ ရေအောက်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အာကာသယာဉ် တစ်စင်းက ဂြိုလ်တစ်ခုပေါ်က သမုဒ္ဒရာအတွင်း ပျက်ကျခဲ့ပါတယ်။ Player က သမုဒ္ဒရာထဲက အရင်းအမြစ်တွေရှာဖွေပြီး အသက်ရှင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ ကစားဖို့ Mode ၄ ခုပါရှိဝင်ပြီး ဆော့လို့ကောင်းတဲ့ အကောင်းဆုံး Survival ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၂) The Long Dark

Source : IGN

The Long Dark က ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ထွက်ခဲ့တဲ့ First-Person Survival ဂိမ်း တစ်ခုဖြစ်ပါတယ်။ Bush Plane လို့ခေါ်တဲ့ ယာဉ်ပျံငယ်မောင်းနှင်တဲ့ လေယာဉ်မှူးကသံလိုက်စက်ကွင်းမုန်တိုင်းတစ်ခု ကျရောက်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ Story Mode ၊ Survival Mode နဲ့ Challenge Mode တွေရွေးချယ် ကစားနိုင်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ ၊ တောတွင်းနေရာတွေနဲ့ စူးစမ်းလေ့လာစရာတွေများစွာပါဝင်တဲ့ စိတ်လှုပ်ရှားစရာ Survival ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) Raft

Source : Axolotgames

Raft က ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Open-World ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Single Modes နဲ့ Multiplayer Mode တွေ ပါဝင်ပါတယ်။ အသက်ရှင်နိုင်ဖို့ ဖောင်ပေါ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းသွားမှာ ဖြစ်ပြီး ငါးမန်းရဲ့တိုက်ခိုက်မှုကနေလည်း လွတ်အောင် ကိုယ့်ကိုယ်ကို ကယ်တင်ရမှာ ဖြစ်ပါတယ်။ အသက်ရေးအတွက် ရေနဲ့ အစားအစာတွေကိုလည်း ရှာဖွေရမယ့် စိတ်ဝင်စားစရာ Survival ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၄) Green Hell

Source : GameSpot Trailers

Green Hell ဂိမ်းက ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Survival Simulator ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို Dying Light ၊ Dead Island ၊ Call of Juarez: The Cartel တို့လို နာမည်ကြီး ဂိမ်းတွေဖန်တီးခဲ့တဲ့ ပိုလန်အခြေစိုက် Game Developer ဖြစ်တဲ့ Creepy Jar က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Player က အမေဇုန်မိုးသစ်တောထဲမှာ အသက်ရှင်နိုင်ဖို့ အခက်အခဲ အတားအဆီးများစွာကို ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ တောတွင်း တိရိစ္ဆာန်တွေ ၊ အာရုံမှားခြင်းတွေကနေ ကိုယ်ကိုယ်ကို အသက်ရှင်ကျန်ရစ်အောင် ကယ်တင်ရမဲ့ စိတ်ဝင်စားစရာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၅) Day Z

Photo : PlayStation

Day Z ဂိမ်းက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လမှာထွက်ခဲ့တဲ့ Sandbox Zombie ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ လက်နက်နဲ့ အသက်ရှင်ကျစ်ရစ်ဖို့ လိုအပ်တဲ့ အခြေခံအရင်းအမြစ်တွေကို စုဆောင်းပြီး Zombie တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားကွက်တွေနဲ့ Player တွေကို ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံး Survival ဂိမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။

(၆) Frostpunk

Source : 11 bit studios

Frostpunk ဂိမ်းက Survival ဂိမ်းတွေထဲမှာ နာမည်ကြီး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလလောက်က ထွက်ခဲ့တာ ဖြစ်ပါတယ်။ Player မြို့တစ်မြို့ကို တည်ဆောက်ရမဲ့ သမိုင်းဝင်ခေါင်းဆောင် ဇာတ်ကောင်တစ်ဦးနေရာက ဆော့ကစားရမှာပါ။ ဒါ့အပြင် နှင်းတဖွဲဖွဲကျနေတဲ့ ဆောင်းရာသီ ကာလအတွင်းမှာ မြို့ကိုအကောင်းဆုံး ထိန်းသိမ်းရမှာလည်း ဖြစ်ပါတယ်။ Graphic ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းသွားကို ဆော့ကစားရမယ့် အကောင်းဆုံး Survival ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Siachen Studios