Suspenders နဲ့ ရှိုးထုတ်ချင်တဲ့ ကွီး တို့အတွက် အမိုက်စား ဖက်ရှင် အချို့ကို ဝေမျှပေးချင်ပါတယ်။ ထို ဖက်ရှင်နဲ့ ရှိုးမထုတ်ခင်မှာ ထိုဖက်ရှင်သည် အရင်ဦးဆုံး ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ သိထားသင့်ပါတယ်။
၁၈၂၀ အစောပိုင်းတွင် အင်္ဂလိပ်လူမျိုး ဒီဇိုင်နာ Albert Thurston က ကြိုးနှစ်ချောင်းကို ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ထိုကြိုးနှစ်ချောင်းသည် ခါးပတ်လိုမျိုး ဘောင်းဘီကို ထိန်းပေးထားတာဖြစ်ပြီး High-Waisted ဘောင်းဘီများနဲ့ ဝတ်ဆင်ပါက ပိုမိုလိုက်ဖက်ပါတယ်။ ထိုအချိန်တုန်းက ခါးပတ်တွေသည် သာမန်ပြည်သူတွေကတော့ Suspenders ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။
Source: Bduzuku
Suspenders အမျိုးအစားကို အဓိကအားဖြင့် (၃) မျိုးခွဲခားထားပါတယ်။ “X” ပုံသဏ္ဍာန် Suspenders ၊ “Y” ပုံသဏ္ဍာန် Suspenders နှင့် “H” ပုံသဏ္ဍာန် Suspenders တို့ပဲဖြစ်ပါတယ်။ “X” ပုံနဲ့ “Y” ပုံကတော့ အဝတ်များကြပြီး “H” ပုံကတော့ မီးသတ်သမားတွေရဲ့ ယူနီဖောင်းအဖြစ် ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။
အချို့ကလည်း ကြိုးတစ်ချောင်းကို ချထားကာ တစ်ချောင်းကိုသာ ပုခုံးပေါ်မှာ တင်ထားပြီး ရှိုးထုတ်လေ့ရှိကြပါတယ်။
Suspenders နဲ့ စတိုင်လ်ကျချင်တဲ့ ကွီး တို့အနေနဲ့ ဘယ်လို ဖက်ရှင် မျိုးကို တီထွင်ဝတ်ဆင်သင့်သလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
အကွက် ချည်ထည်ရှပ်အင်္ကျီများနဲ့ ဝတ်ဆင်ပါ
အဖြူရောင်ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီတို့နှင့် ရှိုးထုတ်ပါ
ပိုလိုရှပ်အင်္ကျီနဲ့လည်း ဖက်ရှင်ကျနိုင်ပါသေးတယ်
တီရှပ်နဲ့ ရှိုးထုတ်မယ်ဆိုရင်တော့ လူငယ်ဆန်ဆန်နဲ့ အထာကျနေမှာ အမှန်ပါပဲ
တီရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီတို့နဲ့ ရှိုးထုတ်လိုက်ပါ
Suspenders ကြိုးနှင့် All Black ဖက်ရှင်
ချီနိုဘောင်းဘီ၊ နက်ခ်တိုင်တို့နဲ့ စမတ်ကျကျဖက်ရှင်
ဘောင်းဘီအတိုနဲ့လည်း အခုလို ရှိုးထုတ်လို့ရပါသေးတယ်
မင်္ဂလာဆောင်တွင် သတို့သားနှင့် သတို့သားအရံတို့လည်း Suspenders နဲ့ ရှိုးထုတ်ကြပါတယ်
ဘောင်းဘီအကွက်ဖက်ရှင်နဲ့ သန့်ပြန့်ကျော့ရှင်းနေပုံ
အဖြူရောင်တီရှပ်နှင့် နက်ပြာရောင် ဂျင်းဘောင်းဘီ
လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်
ခပ်မိုက်မိုက်ဖက်ရှင်
ဝတ်စုံပြည့်နဲ့လည်း အခုလို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်
အခုဖော်ပြသွားတဲ့ ဖက်ရှင်တွေသည် Suspenders နဲ့ ရှိုးထုတ်ချင်တဲ့ ကွီး တို့အတွက် အိုင်ဒီယာများများရအောင် ကူညီပေးမယ့် နမူနာ ဖက်ရှင် စတိုင်လ်တွေပဲဖြစ်ပါတယ်။
အားလုံးပဲ Suspenders ဝတ်ရင်း စတိုင်လ်ကျကာ ဆွဲဆောင်မှုတိုးနိုင်ကြပါစေ။
Source: Outfittrends.com
Featured Image: Oao-7.xyz