Casual ဖက်ရှင်တွေဟာ ဒီဘက်ခေတ်မှာ အဝတ်အများဆုံး Outfit လို့ ဆိုနိုင်ပါတယ်။ အခုခေတ်မှာ နေ့စဉ် ဝတ်လေ့ရှိတဲ့ စတိုင်တွေကို ပြန်ချုံ့ကြည့်လိုက်ရင် White Sneaker ၊ တီရှပ်/Hoodie အတွဲအစပ်က အဓိကအတွဲအစပ်အနေနဲ့ ပါဝင်နေတာပါ။ ဒါကြောင့် ဖက်ရှင်နဲ့ ပတ်သက်ရင် Casual Is King လို့ ပြောလာတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Casual ဖက်ရှင် ကြိုက်တဲ့ အမျိုးသားတွေအတွက် Sweatpant ကို စတိုင်မိမိ ဝတ်နိုင်မယ့်ဖက်ရှင်အိုင်ဒီယာတချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) All Black ဖက်ရှင်

All-Black Everything

Photo: Ape ToGentleman

ခေါင်းကနေ ခြေအဆုံး All Black ဆင်တာဟာ အများအကြား ထင်ရှားပြီး Cool ဖြစ်တဲ့ပုံ ပေါက်ပါတယ်။ Sweatpant ဖက်ရှင်ဟာ Sporty ဆန်ပြီး သက်တောင့်သက်သာနဲ့ ခြေဆန့်လက်ဆန့် အဆင်ပြေတဲ့ ဖက်ရှင် ဖြစ်လို့ အစကတည်းက လူငယ်ဆန်ပါတယ်။ ဒါကိုမှ Hoodie အနက်ရောင် ဒါမှမဟုတ် ဂျက်ကတ်အမည်းအပါးတစ်ထည်ကို အနက်ရောင် Sneaker နဲ့ တွဲတာမျိုး စမ်းကြည့်သင့်ပါတယ်။

(၂) Casual Minimalism ဖက်ရှင်

Casual Minimalism

Photo: Ape ToGentleman

Casual ဖက်ရှင်ကို Minimalism မိအောင် ဝတ်ရင် အတော်ကြီး သားနားသွားပါတယ်။ ရိုးရှင်းမှု Simplicity ဆိုတာ အမျိုးသားဝတ်ဖက်ရှင်မှာ အရေးပါဆုံး စကားတစ်လုံးပါပဲ။ အောက်မှာ ကိုယ့်ဘော်ဒီနဲ့ ချပ်ရပ်ပြီး လိုက်ဖက်တဲ့ Sweatpant ကိုမှ အပေါ်မှာ Sweatshirt ကောင်းကောင်း ၊ ဒါမှမဟုတ် White Tee တစ်ထည်နဲ့ ခပ်ရှင်းရှင်းလေး သန့်နေအောင် ဝတ်လို့ ရပါတယ်။ ကာလာကိုတော့ အပေါ်အောက် Contrast မိအောင် ရွေးတာ ဒါမှမဟုတ် Neutrals ဆန်ဆန် ဝတ်တာမျိုး လုပ်သင့်ပါတယ်။

(၃) Layering ဖက်ရှင်

Lightweight Layering

Photo: Ape ToGentleman

အပါးစား Lightweight Jackets ဒါမှမဟုတ် Bomber ဂျာကင်နဲ့ Sneaker ကောင်းကောင်း တွဲပြီးဝတ်တဲ့ Layering ဖက်ရှင်ကလည်း Sweatpant ဝတ်သူတွေ စဉ်းစားသင့်တဲ့ ဖက်ရှင်တစ်မျိုး ဖြစ်ပါတယ်။ Sweatpant ရွေးရင်တော့ Monochrome ကာလာမျိုး ရွေးပြီး အပေါ်မှာလည်း Classic Neutral ကာလာစပ်တွေ ဖြစ်တဲ့ မီးခိုးမှိုင်း ၊ နက်ပြာ ၊ အနက် စတဲ့ အရောင်တွေ သုံးရမှာပါ။

(၄) Athleisure ဖက်ရှင်

joggers-athleisure

Photo: Ape ToGentleman

အမျိုးသားဝတ် Dress Codes တွေဟာ အခုနောက်ပိုင်းမှာ အားကစားဖက်ရှင်ဘက် နည်းနည်းလိုက်လာပါတယ်။ Casual ဝတ်တဲ့ ဖက်ရှင်တွေဟာ Sportswear စတိုင်ကို ပိုအားပြုလာတာ တွေ့ရပါတယ်။ Athleisure ဟန် ဖက်ရှင်မှာ Balance မှန်ဖို့က သော့ချက်ပါပဲ။ Sweatpant ကို Slim Cutting နဲ့ အပေါ်မှာ Overcoat ဒါမှမဟုတ် Leather Jacket နဲ့ တွဲဝတ်ကြပါတယ်။ Jacket အောက်မှာ Smart Polo ရှပ်အင်္ကျီကို ခံဝတ်လိုက်ရုံပါပဲ။

Featured Photo: Pinterest