လူတိုင်းကတော့ ကိုယ့်ရဲ့ကောင်းကွက်လေးတွေကို အမွှန်းတင်ခြင်းခံရတဲ့အခါ သဘောကျကြတာပဲ မဟုတ်လား။ သင်အနေနဲ့ သင်သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့တဲ့အခါမှာ သူမသဘောကျစေမယ့် အရာလေးတွေချီးမွန်းလိုက်မယ်ဆိုရင် သင့်အပေါ် အာရုံစိုက်မှုပိုရစေမှာသေချာပါတယ်။ ဒါကြောင့်ဒီနေ့ဆောင်းပါးလေးကနေ ကိုယ်သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့အခါ သူမနဲ့ပတ်သတ်တဲ့ဘယ်အရာကို ချီးမွှန်းသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သူမရဲ့ ဝတ်စားဆင်ယင်မှုကို ချီးမွန်းပါ

Source : Grazia

မိန်းကလေးတိုင်းလိုလိုက သူတို့ရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်အပေါ် အပြုသဘောဆောင်တဲ့ မှတ်ချက်ကောင်းလေးတွေ ပေးခံရတာကို နှစ်သက်ကြပါတယ်။ ဒီနေ့ဝတ်ထားတာ မင်းနဲ့သိပ်လိုက်တယ်ဆိုတာမျိုးပေါ့။ ဒါ့ထက်ပိုပြီး သူမရဲ့နှလုံးသားကိုဖမ်းစားချင်တယ်ဆိုရင်တော့ အသေးစိတ်ကျတဲ့အရာလေးတွေကို ချီးမွန်းပါ။ ဥပမာ လက်သည်းနီအရောင်လေးကမင်းနဲ့ သိပ်လှတာပဲ ၊ ဒီးနားကပ်လေးက မင်းကိုပိုပြီးချစ်ဖို့ကောင်းစေတယ်ဆိုတာမျိုးပေါ့။

(၂) သူမရဲ့ ပင်ကိုယ်စွမ်းရည်ကို ချီးမွမ်းပါ

Source : True Love Dates

သင်သဘောကျတဲ့ ကောင်မလေးက သီချင်းဆိုတာကောင်းလား ၊ ပန်းချီဆွဲတာတော်လား ၊ ကခုန်ရတာနှစ်သက်လား စသည်ဖြင့်သူမ ကျွမ်းကျင်တဲ့ ပင်ကိုယ်စွမ်းရည်တစ်ခုခုကို ချီးမွန်းလိုက်ပါ။ မိန်းကလေးအများစုက သူတို့ရဲ့ talent ရှိတဲ့အရာတွေကို မြတ်နိုးတန်ဖိုးထားတက်ကြပြီး သူတို့ကျွမ်းကျင်စွာလုပ်ကိုင်နိုင်စွမ်းရှိတဲ့အရာတွေအပေါ်မှာ ချီးမွန်းခံရခြင်းကိုလည်း အင်မတန်သဘောကျနှစ်သက်ကြပါတယ်။

(၃) သူမရဲ့ ဟာသဉာဏ်ကို ချီးမွမ်းပါ

Source : Couples Success

မိန်းကလေးတွေက သူတို့ကို ဟာသဉာဏ်ရှိတယ် ခင်မင်စရာကောင်းတယ်လို့ချီးမွန်းခံရတာ နှစ်သက်ကြပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီစကားက မင်းနဲ့အတူတူရှိရတဲ့အချိန်တိုင်းက ပျော်စရာကောင်းတယ်လို့ အဓိပ္ပါယ်သက်ရောက်နေလို့ပါ။ နောက်ပြီး ဟာသဉာဏ်ရွှင်တယ်ဆိုတဲ့ချီးမွန်းစကားက မင်းကစမတ်ကျတဲ့ကောင်မလေးပဲလို့ပြောတာနဲ့အတူတူပါပဲ။ ဘာလို့ဆို ဟာသဉာဏ်ရွှင်တဲ့သူတွေက ဉာဏ်ကောင်းတဲ့သူတွေမဟုတ်လား။

(၄) သူမရဲ့ကြိုးစားအားထုတ်မှု ၊ ဇွဲလုံ့လရှိမှုကို ချီးမွန်းပါ

Source : AskMen

မိန်းကလေးကသူတို့ရဲ့ဇွဲလုံ့လရှိမှု ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုတာ ချီးမွန်းခံရတာကို နှစ်သက်ကြပါသေးတယ်။ မင်းကအလုပ်တကယ်ကြိုးစားတဲ့ကောင်မလေးပဲ ၊ ဒါမှမဟုတ် သူမစိတ်ဝင်စားတဲ့အရာတစ်ခုခု ဥပမာ အားကစားလုပ်တာ ခန္ဓာကိုယ်ဘော်ဒီထိန်းသိမ်းတာ တူရိယာတစ်မျိုးမျိုးသင်ယူတီးခတ်တာ စသည်ဖြင့်ပေါ့။ သူမအပတ်တကုတ်ကြိုးစားလုပ်ဆောင်နေတဲ့အရာကို ထုတ်ဖော်ချီးမွန်းတဲ့အခါ သူမကိုအမြဲစောင့်ကြည့်နေတယ်ဆိုတဲ့ သဘောလဲ သက်ရောက်စေမှာဖြစ်ပါတယ်။