ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်တွေ ရှိနေတာက စိတ်ရောဂါတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ ဥပမာ ပတ်ဝန်းကျင်က လုံခြုံစိတ်ချရတဲ့ နေရာဖြစ်နေပေမယ့် မလုံခြုံဘူးလို့ ထင်နေတာ၊ အမြဲတမ်း ပူပင်သောကရောက်နေတာ၊ ဝမ်းနည်းပူဆွေးနေတာ စသဖြင့် စိတ်ရောဂါ အမျိုးမျိုးရှိကြပါတယ်။
စိတ်ကျရောဂါဟာ ယနေ့ခေတ်မှာ ပြဿနာတစ်ရပ်ဖြစ်လို့လာနေပါပြီ။ စိတ်ကျရောဂါကြောင့် မိမိကိုယ် မိမိသတ်သေတဲ့နှုန်းက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးလာနေပါတယ်။
စိတ်ကျရောဂါ လက္ခဏာတွေ
- ဝမ်းနည်းပူဆွေးခြင်း
- စိတ်ထဲမှာ ဘာမှမရှိတော့သလို ခံစားရတာ
Source: Voice and Viewpoint
- မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားရတာ
- အသေးအမွှားကိစ္စတွေအပေါ် ဝမ်းနည်း၊ စိတ်ဆိုး၊ ဒေါသထွက်၊ မျက်ရည်ကျလွယ်တာ
- ညဘက်တွေ အိပ်မပျော်တော့တာ၊ ဒါမှမဟုတ် နေ့ရော ညပါ အိပ်နေတာ
- အမြဲတမ်း မောပန်းပြီး အားမရှိသလို နုံးချိနေတာ
- လုပ်ချင်ကိုင်ချင်စိတ် မဖြစ်တော့တာ
Source: HelpGuide.org
- အစာစားချင်စိတ် မရှိတော့တာ၊ ခံတွင်းပျက်လာတာ
- အချိန်ပြည့် စိုးရိမ်ပူပန်နေပြီး စိတ်မောရတာ
- မိမိကိုယ်ကို အပြစ်တင်ခြင်း၊ မကောင်းမြင်တာ
- အားငယ်စိတ်၊ သိမ်ငယ်စိတ် ဖြစ်ခြင်း
- မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အတွေးတွေ မကြာခဏ ဝင်လာတာ
- သေကြောင်းကြံစည်ဖို့ ကြိုးစားကြည့်တာ အစရှိတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် စိတ်ကျရောဂါ ရှိနေနိုင်ပါတယ်။
Source: Mid-City-TMS
ကိုယ့်ဆီမှာ စိတ်ကျရောဂါရှိနေပြီလို့ သံသယရှိပြီဆိုရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ယုံကြည်ရတဲ့ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကို ပြောပြပြီး အကူအညီတောင်းသင့်ပါတယ်။ ပြဿနာတခုခုဖြစ်လာပြီဆိုရင် ရှောင်ပြေးတာထက် ရင်ဆိုင်ဖြေရှင်းလိုက်တာက ကိုယ့်အတွက်အကျိုးပိုရှိစေပါတယ်။ စိတ်ကျရောဂါဟာ အချိန်ခဏလေးအတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါမဟုတ်သလို အချိန်တိုလေးနဲ့ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်တာကြောင့် စိတ်ရှည်သည်းခံဖို့လိုအပ်ပါတယ်။