စိတ်ဖိစီးမှုဆိုတာ အသက်အရွှယ်အပိုင်းအခြားမရွေးဖြစ်တက်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး အန္တရာယ်ရှိတဲ့ခန္ဓာကိုယ်တုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဖိစီးတဲ့ ပုံစံခြင်းမတူကြပေမယ့် ယေဘုယျအားဖြင့် အခုပြောမယ့်လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ သင့်အနေနဲ့ စိတ်ဖိစီးခံစားနေရတယ်ဆိုတာ သိသာစေပါတယ်။
Source : Pentacare
စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
- အလွယ်တကူ ထိတ်လန့်ခြောက်ခြင်း ဒေါသထွက်ခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းတို့ ခံစားနေရမယ်
- စိတ်ရဲ့ခံစားချက်တွေကို ထိန်းချုပ်လို့မရဖြစ်နေမယ်
- စိတ်ကိုအနားပေးဖို့ ခက်ခဲနေမယ်
- အထီးကျန်ခြင်း စိတ်ဓာတ်ကျခြင်းတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်နေမယ်
- လူတွေနဲ့ စကားပြောဆိုချင်စိတ်မရှိဘဲ တစ်ယောက်တည်းသီးသန့်နေချင်နေမယ်
Source : Freepik
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
- အားအင်ကုန်ခမ်းပင်ပန်းနွမ်းနယ်နေမယ်
- ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ခံစားနေရမယ်
- ဝမ်းလျှောခြင်း ဝမ်းပျက်းခြင်းနဲ့ ပျို့အန်ခြင်းစတဲ့ အစာအိမ်နဲ့ ပတ်သတ်ပြီးကျန်းမာရေးပြဿနာတွေဖြစ်လာမယ်
- ခန္ဓာကိုယ်ကြွက်သား ရင်ဘက်နဲ့ ကိုယ်လက်များနာကျင်ကိုက်ခဲနေမယ်
- လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကျဆင်းလာမယ်
- ခံတွင်းခြောက်ကပ်ပြီး ရေဆာရေငတ်သလိုခံစားနေရမယ်
- အာရုံစူးစိုက်နိုင်စွမ်းတွေကျဆင်းလာပြီး မကြာခဏသတိမေ့လျော့နေမယ်
- အဆိုးမြင်စိတ်တွေများလာမယ်
Source : Shutterstock
အထက်ပါအချက်တွေဟာ စိတ်ဖိစီးခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေလျော့ကျအောင် အကောင်းဆုံးက စားသောက်နေထိုင်မှုပုံစံပြောင်းလဲပြီး အားကစားလုပ်တာ အိပ်ချိန်မှန်မှန်အိပ်တာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားတာ စသည်ဖြင့်ပြုလုပ်ပေးနိုင်ပြီး လိုအပ်ရင်လိုအပ်သလိုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။