ကွီးတို့မှာ မဝတ်ဖြစ်တော့တဲ့ ဟောင်းနွမ်းသွားတဲ့ T-Shirts အဟောင်းတွေ အနည်းဆုံး လေးငါးဆယ်ထည် ဝန်းကျင်တော့ ရှိကြမယ် ထင်ပါတယ်။ အချို့ အရမ်းကြိုက်ရတဲ့ အင်္ကျီတွေကိုတော့ ဟောင်းဟောင်းစုတ်စုတ် အမြတ်တနိုး ဝတ်ကြပေမယ့် အများစုကတော့ အင်္ကျီအဟောင်းတွေကို လွင့်ပစ်လိုက်တာ ၊ အိမ်မှာ လက်သုတ်ဝတ် လုပ်တာတွေ လုပ်ကြပါတယ်။ တကယ်တော့ မဝတ်ဖြစ်တဲ့ အင်္ကျီအဟောင်းတွေကို အသုံးပြုပြီး အသုံးဝင်တဲ့ ပစ္စည်းလေးတွေ အသစ်တဖန် ပြန်လည်ဆန်းသစ် ဖန်တီးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ မဝတ်ဖြစ်တော့တဲ့ အိမ်မှာပိုနေတဲ့ T-Shirts အဟောင်း အမြင်းတွေနဲ့ DIY ဖန်တီးနိုင်မယ့် အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ခြေသုတ်ခုံ

Rug

Photo : HGTV

မဝတ်ဖြစ်တော့တဲ့ T-Shirts အဟောင်း ရောင်စုံလေးတွေကို ဖြတ်ညှပ်ဆက်ပြီး အိမ်မှာအသုံးတည့်တဲ့ ခြေသုတ်ခုံ လေးတစ်ခု ပြန်လည်ဖန်တီးလို့ ရပါတယ်။

(၂) ဈေးဝယ်အိတ်

Bags

Photo : HGTV

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ တက်နိုင်သမျှ ပလတ်စတစ်အိတ်တွေကို‌တော့ ကိုယ်ကစပြီး လျော့ချအသုံးပြုဖို့ လိုမှာပါ။ ဟိုနားဒီနား ဈေးဝယ်တဲ့အခါ ၊ ရှောပင်စင်တာတွေမှာ ဈေးဝယ်တဲ့အချိန်တွေမှာ ပလတ်စတစ်အိတ်တွေအစား အင်္ကျီ အဟောင်း တွေနဲ့ ပြန်လည် ဖန်တီးထားတဲ့ ဈေးဝယ်အိတ် လေးနဲ့ဆို အထာလည်းကျ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

(၃) အလှပန်းအိုး ဆိုင်းကြိုး

Hanging Planter

Photo : HGTV

အိမ်မှာ အလှထားတဲ့ ပန်းအိုးလေး အသေးလေးတွေကို ဆိုင်းကြိုးလေးနဲ့ ချိတ်ဆွဲပြီး အထာကျကျ ထားချင်တယ်ဆိုရင်တော့ T-Shirts အဟောင်း တွေကို သေချာဖြုတ်ညှပ်ပြီး ပန်းအိုးအရွယ်အစားတိုင်း အံ့ဝင်ခွင်ကျဖြစ်အောင် ချိတ်ဆွဲလို့ ရမယ့် ဆိုင်းကြိုးလေးတွေ ဖန်တီးနိုင်ပါတယ်။

(၄) ရှုံ့ကြိုးအိတ်

Drawstring Pouch

Photo : HGTV

ပေါ့ပေါ့ပါးပါး တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေပဲ ထည့်မလား ၊ အလှအပဆိုင်ရာ Skincare နဲ့ ရေမွှေးလို ပစ္စည်းလေးတွေပဲထည့်မလား အဆင်ပြေမယ့် ရှုံ့ကြိုးအိတ်လေးတစ်လုံးကိုလည်း မဝတ်တော့တဲ့ အင်္ကျီအဟောင်းတွေနဲ့ ဖန်တီးလို့ ရနိုင်ပါတယ်။

(၅) ကြောင်ကွန်ဒို

DIY Cat Condo

Photo : HGTV

အိမ်မှာ ကြောင်လေးတွေ မွေးထားတဲ့ ကြောင်ချစ်သူတွေကတော့ T-Shirts အဟောင်းတွေနဲ့သူတို့လေးတွေ ဆော့ဖို့/နေဖို့ DIY ကြောင်ကွန်ဒိုလေးတစ်လုံး ဖန်တီးနိုင်ပါတယ်။ ခြေသုတ်ခုံ လုပ်နည်းလိုပါပဲ။ T-Shirts တွေကို သေချာဖြတ်ညှပ်ဆက်ပြီး ကြောင်လေးတွေ ဆော့ကစားဖို့အတွက် အမွှေးပွ အိမ်နေရာလေးတစ်ခု ဖန်တီးပေးနိုင်ပါတယ်။

(၆) ခေါင်းအုံးအစွပ်

 Pillows

Photo : HGTV

ဆိုဖာမှာထားတဲ့ ခေါင်းသုံးအသေးလေးတွေ ဒါမှမဟုတ် ကွီးတို့အိမ်ခန်းထဲက ခေါင်းအုံးတွေကိုလည်း ကွီးတို့အကြိုက်ဆုံး T-Shirts အဟောင်းတွေနဲ့ အမိုက်စား ခေါင်းအုံးအစွပ်လေးတွေ ပြန်လည်ဆန်းသစ်တီထွင် ချုပ်လုပ်လို့ ရပါတယ်။

အခုပြောပြခဲ့တဲ့ ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူရိုးရှင်းတဲ့ DIY နည်းလမ်းလေးတွေကို သိသွားပြီဆိုရင်တော့ ကွီးတို့အိမ်က T-Shirts အဟောင်းတွေကို လက်သုတ်ဝတ်တွေ လုပ်နေတာ ရပ်လိုက်တော့နော်။

Source : HGTV

Featured Photo : The Good Tee