လူချမ်းသာတွေရဲ့ဘဝဟာ အားကျစရာကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်လာရင် ပူပင်သောကရောက်စရာမလိုပါဘူး။ ငွေက အရာရာကို မဖြည့်စီးနိုင်ဘူးဆိုပေမယ့် အရာအားလုံးနီးပါးက ငွေရှိမှ အဆင်ပြေချောမွေ့ကြတာပါ။ ဒါ့ကြောင့်လည်း ငွေကို ဒုတိယဘုရားသခင်ဆိုပြီး လူတွေကပြောနေကြတာပါ။

လူချမ်းသာတွေရဲ့ ဘဝကို သာမာန်လူတွေ လေ့လာဖို့ခဲယဉ်းပါတယ်။ ဒါပေမယ့် သူတို့ကလေးတွေရဲ့ ဘဝကိုတော့ ကောင်းကောင်းကြီးလေ့လာနိုင်ပါတယ်။ ဒီနေ့ kwee page က ကမ္ဘာ့ဈေးအကြီးဆုံး ကျောင်းတစ်ကျောင်းဖြစ်တဲ့ Institut Le Rosey အကြောင်းပြောပြပေးသွားမှာပါ။

Le Rosey ဟာအလယ်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကျောင်းထဲကတစ်ကျောင်း ဖြစ်ပါတယ်။ ကျောင်းကတော့ ဆွစ်ဇာလန်နိုင်ငံမှာ တည်ရှိပါတယ်။

Source: Good Schools Guider

(၁၈၈၀) ခုနှစ်ကတည်းက ယနေ့အထိ ကျောင်းနဲ့ရဲတိုက်ကြီးကို မိသားစုတစ်စုတည်းကပဲ ပိုင်ဆိုင်ခဲ့တာပါ။

Le Rosey မှာ ပရိုဂရမ်း (၂) ခုရှိပါတယ်။ တစ်ခုကတော့ နွေရာသီမှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ဆောင်းရာသီမှာဖြစ်ပါတယ်။ ဆောင်းရာသီ ပရိုဂရမ်မှာ ကျောင်းသားတွေကို ဆောင်းရာသီ အားကစားနဲ့ပက်သတ်ပြီး သင်ခန်းစာအမျိုးမျိုးကို သင်ကြားပေးပါတယ်။

Source: Institut Le Rosey

နွေရာသီပရိုဂရမ်အနေနဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့အားလပ်ချိန်တွေကို ရေကူးကန်မှာ ကုန်ဆုံးလေ့ရှိပါတယ်။ ကျောင်းသား/သူ တွေဟာ မနက် (၇) နာရီမှာအိပ်ရာထရပြီး အခန်းသန့်ရှင်းရေးလုပ်တာတွေ မနက်စာစားတာတွေ ပြုလုပ်ရပါတယ်။ သင်ခန်းစာတွေကိုတော့ မနက် (၈) နာရီကနေ ညနေ (၃) နာရီအထိ သင်ကြားပေးပါတယ်။ ကြားထဲမှာ နေ့လည်စာနဲ့မုန်စားဖို့အတွက် အချိန်တွေ အများကြီးပေးထားပါသေးတယ်။

Source: Institut Le Rosey

ညနေ (၄) နာရီကနေ (၇) နာရီအထိ ကျောင်းသား/သူ တွေဟာ မိမိကြိုက်နှစ်သက်တဲ့ အားကစားတွေကို ရွေးချယ်ပြုလုပ်နိုင်ပြီး တခြား activitie တော်တော်များများကိုလည်း ရွေးချယ်နို-င်ပါတယ်။ ည (၇) နာရီမှာ ညစာစားရပြီး အိမ်စာတွေကိုတော့ ည (၈) နာရီနဲ့ (၉) နာရီကြားမှာ လုပ်ရပါတယ်။

ကျောင်းသား/သူတွေဟာ အိမ်စာတွေနဲ့ မခြားအရာတွေကို စာကြည့်တိုက်ထဲမှာ အတူတူ အုပ်စုဖွဲ့ပြီးလည်း လုပ်ခွင့်ရှိပါတယ်။

Source: ArchDaily

ကျောင်းသား/သူ တွေဟာ စာပဲသင်ယူနေရတာမဟုတ်ပဲ လှေစီးတာ၊ လမ်းလျှောက်တာ နဲ့ တောင်တက်တာတွေကိုပါ လုပ်ခွင့်ရှိပါတယ်။

Le Rosey ကျောင်းဟာ ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားတွေကို လက်ခံသင်ကြားပေးနေတာဖြစ်ပြီး ကျောင်စရိတ်ကတော့ တစ်နှစ်ကို ဒေါ်လာ (၁) သိန်းကျော်ရှိပါတယ်။