ဝတ်တတ်စားတတ်ဖို့ ဖက်ရှင်အကြောင်း နားလည်ဖို့ဆိုတာ ခေတ်အဆက်ဆက် သင်ကြားရမယ့် သင်ခန်းစာတစ်ရပ်တောင် ဖြစ်နိုင်ပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လာဖို့ Dressing ကလည်း တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုပါတယ်။ အဝတ်အစားဆိုတာ သင့်ရဲ့ ယုံကြည်မှု ၊ အဆင့်အတန်း ၊ အလေးထားမှု ၊ အားသာချက်နဲ့ စရိုက်သဘာဝကို တစ်စွန်းတစ် ပြောနေတဲ့အရာပဲ မဟုတ်လား။ ဒီတော့ အဝတ်အစားနဲ့ ပတ်သက်ရင် အတိုချုပ်မှတ်ထားသင့်တဲ့ F သုံးလုံးအကြောင်း ပြောချင်ပါတယ်။

mens-fashion-trends

Photo: apetogentleman

ဖက်ရှင်အတွက် မှတ်သားသင့်တဲ့ ပထမဆုံး F က Fit ဖြစ်ပါတယ်။ အမျိုးသားဝတ်ဖက်ရှင်ပဲ ဖြစ်ဖြစ် အမျိုးသမီးဝတ် ဖက်ရှင်ပဲ ဖြစ်ဖြစ် ဖက်ရှင်တွေရဲ့ လျှို့ဝှက်ချက်ထဲက တစ်ခုက သင်နဲ့ လိုက်ဖက်အံကျဖြစ်မှုပါပဲ။ အဝတ်အစားဝယ်တော့မယ်ဆိုရင် T-Shirt ကနေ ဘောင်းဘီအထိ သက်တောင့်သက်သာရှိရှိ Fit ဖြစ်ဖို့ အရင်ဆုံး စဉ်းစားပါ။ သိပ်ကျပ်လွန်းတာ ၊ ကိုယ်နဲ့ မလိုက်အောင် ပွလွန်းတာမျိုးကို ရှောင်ပါ။

ဒုတိယ F ကတော့ Function ဆိုတဲ့ စကားလုံးပါပဲ။ Function ဆိုတာ အဝတ်အစားတစ်ခုရဲ့ အင်္ဂါနဲ့ လုပ်ဆောင်ချက်ပါပဲ။ ပွဲတက်မှာလား – Formal ကျအောင် ဝတ် ။ ရုံးသွားမှာလား – သပ်သပ်ရပ်ရပ် Smart ကျအောင် ဝတ်။ သူငယ်ချင်းတွေနဲ့ တွေ့မှာလား – ပေါ့ပေါ့ပါးပါး Casual ဝတ်သွား ။ Date တစ်ခုအတွက် သွားမှာလား – Smart Casual ဝတ်။ အရေးပါတဲ့အလုပ်မီတင် တက်ရမလား – Business Casual လေးတော့ ဝတ်သွား။

Professional-Haircuts-For-Men

Photo: baospace

ဒါကိုပဲ အဝတ်အစားရဲ့ လုပ်ဆောင်ချက်လို့ ဆိုတာ ဖြစ်ပါတယ်။ ခြေအစ ခေါင်းအဆုံး ကိုယ်ဝတ်သွားမယ့် အဝတ်အစားဟာ သူသွားမယ့်နေရာပေါ်လိုက်ပြီး သူ့အလုပ်သူ လုပ်သွားဖို့ လိုပါတယ်။ အနောက်တိုင်းဝတ်စုံ Formal Suit ကို ရုပ်ရှင်ရုံမှာ ဝတ်တာ ၊ အစည်းအဝေးကို ဘောင်းဘီတို Casual စတိုင်နဲ့သွားတာဟာ ဖက်ရှင်စည်းကမ်းကို ချိုးဖောက်လိုက်တာပါပဲ။

နောက်ဆုံးပြောမယ့် F ကတော့ Fabric ပါ။ အဝတ်အစားဝယ်မယ်ဆိုရင် ဘယ်လို ချည်သားမျိုးက ကိုယ့်အသားအ‌ရေနဲ့ လိုက်သလဲ ကြည့်ရပါမယ်။ ဥပမာ- ကိုယ်က Sensitive ဖြစ်တဲ့ အသားအရေမျိုးဆို အဝတ်အစားကြောင့် အသားအရေ ပွန်းတာ ၊ ယားယံတာမျိုး မဖြစ်ရအောင် လီနင်တို့ ပိုးချည်တို့ ဝတ်သင့်ပါတယ်။ ရာသီဥတုနဲ့လည်း လိုက်တယ် ၊ ဘယ်အသားအရေမျိုးနဲ့မဆို အဆင်ပြေတယ်ဆိုတဲ့ ချည်သားတွေကတော့ ဝါချည် ၊ လီနင် ၊ စပန့် ၊ ပိုးနဲ့ လျှော်ချည်သားတွေပါပဲ။