အာဆင်နယ်နောက်ခံကစားသမား တာခဲဟိရော့ တိုမီရစုက နောဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မတိုင်မီ စိတ်တည်ငြိမ်အောင် ကူညီပေးခဲ့တဲ့ မာတင် အိုဒီဂတ်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

ဂျပန်လက်ရွေးစင်နောက်ခံကစားသမားဟာ မြောက်လန်ဒန်က ကစားသမားဘဝကို အထင်ကြီးဖွယ် စတင်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၃ ပွဲ အနိုင်ရရှိခဲ့ရာမှာ ၂ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တိုမီရစုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပါးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာလည်း နောက်ထပ် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ဂျပန်နောက်ခံကစားသမားမရောက်လာခင်က စပါးနဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယား အပေါ်ပိုင်းနဲ့ အောက်ပိုင်းဖြစ်နေခဲ့တာဖြစ်ပါတယ်။

Martin Odegaard's message to Takehiro Tomiyasu

Photo: The Mirror

အမ်းမရိတ်စ်ကို ရောက်ရှိတဲ့အချိန်ကတည်းက တည်ငြိမ်အေးဆေးတဲ့ ခြေစွမ်း ပြသပြီး အမှားအယွင်းကင်းခဲ့ပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် ညာနောက်ခံကစားသမားက နောဝစ်ချ်နဲ့ပွဲမှာ ပွဲဦးထွက် မကစားပေးမီ စိတ်လှုပ်ရှားနေခဲ့ပေမယ့် အိုဒီဂတ်ဆီကနေ အာမခံစကားအချို့ ကြားခဲ့ရတာကြောင့် စိတ်တည်ငြိမ်မှုရရှိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် ရောက်လာတဲ့အချိန်ကတည်းက ဒီက ကစားသမားတိုင်းက အကူအညီအများကြီး ပေးခဲ့ကြပါတယ်။ အသင်းဝန်ထမ်းတွေအားလုံးလည်း အကူအညီပေးကြပါတယ်။ နောဝစ်ချ်နဲ့ပွဲမတိုင်ခင် ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေခဲ့တယ်လို့ ပြောရမှာပဲ”

takehiro_tomiyasu

Photo: Indosport

“အဲဒီတော့ ကျွန်တော် ကစားသမားတွေအားလုံးဆီက ရခဲ့တဲ့ အကူအညီအတွက် တကယ် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မာတင် အိုဒီဂတ်ကိုပါ။ သူက ခင်ဗျား ဒီအချိန်ကို ပျော်ရွှင်ခံစားရမယ်တဲ့။ တကယ်ကို ပျော်ရွှင်ခံစားလိုက်တဲ့။ အဲဒါက ငါလုပ်နိုင်ခဲ့တဲ့အရာပဲလို့ ပြောခဲ့ပါတယ်။ အဲဒါက အကူအညီဖြစ်ခဲ့လို့ ကျွန်တော်တို့ အနိုင် ၃ မှတ်အားလုံးကိုလည်း ရယူနိုင်ခဲ့ပါတယ်”

“အဲဒီနေ့က ကျွန်တော့်အတွက် နေ့ကောင်းနေ့မြတ်ဖြစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုမရှိခဲ့ပါဘူး။ ကျွန်တော် အမှားအချို့ ပြုလုပ်ခဲ့တယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာပါ။ ဒါပေမယ့် အဲဒါက ပိုကောင်းလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးပွဲဖြစ်ခဲ့တာကိုး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: The Mirror