ခရစ်ကတ်ကစားသမားတွေဟာ ဘတ်စကတ်ဘောသမားတွေလောက် အရပ်ရှည်လေ့မရှိပါဘူး။ အရပ်ရှည်မှ အောင်မြင်မယ့် အားကစားနည်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခရစ်ကတ်ကစားသမားတွေထဲမှာ တကယ့်ကို ကလန်ကလား ရှည်လျားလှတဲ့ အရပ်အမောင်းပိုင်ရှင်တွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီကစားသမားတွေကတော့ –

(၁) မိုဟာမက် အာဖန်

Mohammed-Irfan

Photo: sportsbrowser

ပါကစ္စတန် ခရစ်ကတ်ကစားသမား မိုဟာမက် အာဖန်ပါတဲ့ အားကစားပွဲတွေမှာဆို ပရိသတ်က သူ့ကိုပဲ တန်းမြင်ကြမှာပါ။ အာဖန်ရဲ့ အရပ်အမောင်းဟာ အံ့လောက်အောင် မြင့်ပါတယ်။ ၇ ပေ ၁ လက်မ မြင့်တဲ့ ဒီကစားသမားဟာ နိုင်ငံတကာခရစ်ကတ်သမိုင်းမှာ အရပ်အမြင့်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။

(၂) ဂျိုအယ် ဂါနာ

Joel-Garner

Photo: sportsbrowser

West Indian ခရစ်ကတ်ကစားသမား ဂျိုအယ်ဂါနာဟာ One Day International ရဲ့ အမြင့်ဆုံး bowling သမားအဖြစ် သတ်မှတ်ခံရပါတယ်။ သူ့အရပ်ဟာ ၆ ‌ပေ ၈ လက်မအထိ အရပ်ရှည်ပါတယ်။

(၃) ပီတာ ဂျော့ချ်

peter george

Photo: espncricinfo

ဩစတြေးလျခရစ်ကတ်ကစားသမား ပီတာရောဘတ်ဂျော့ချ်ဟာ ၆ ပေ ၈ လက်မအထိ မြင့်ပါတယ်။ သူလည်း သူ့ခေတ်သူ့အခါက ခရစ်ကတ်သမိုင်းမှာ အရပ်အရှည်ဆုံး ကစားသမားတစ်ဦးပါပဲ။

(၄) ဘွိုက်ဒ် ရန်ကင်း

Boyd-Rankin

Photo: northwestcricket

ဘွီုက်ဒ် ရန်ကင်းဟာ မြောက်အိုင်ယာလန်က နိုင်ငံတကာခရစ်ကတ်သမားတစ်ဦးပါ။ အင်္ဂလန်အမျိုးသားအသင်းရော အိုင်ယာလန်အသင်းအတွက်ပါ နိုင်ငံတကာအဆင့်ခရစ်ကတ်ပွဲတွေ ကစားပါတယ်။ ရန်ကင်းဟာ အရပ် ၆ ပေ ၈ လက်မအထိ ရှည်ပါတယ်။

(၅) ခရစ္စ ထရမ်းလတ်

Chris-Tremlett

Photo: sportsbrowser

အရပ် ၆ ပေ ၇ လက်မမြင့်တဲ့ ခရစ္စ ထရမ်းလတ်ဟာ အင်္ဂလန်အသင်းအတွက် နိုင်ငံတကာခရစ်ကတ်ပွဲတွေ ကစားပေးသူလည်း ဖြစ်ပါတယ်။ သူ့အရပ်အမောင်းနဲ့ သူ့ဘော်ဒီဟာ ပြိုင်ဘက်တွေအဖို့ လေးစားထိတ်လန့်ရလောက်အောင် ကြီးမားထွားကျိုင်းပါတယ်။
ခရစ်ကတ်သမားတွေထဲက ထူးထူးခြားခြား အရပ်ရှည်သူတွေထဲမှာ အင်္ဂလန်က စတီဗင် ဖင်း (၆ ပေ ၇ လက်မ) ၊ West Indies မှ ကာတ်လီ အမ်းဘရို့စ် ၊ ဂျေဆန် ဟိုဒါ နဲ့ ဆူလီမန်ဘန်း (၆ ပေ ၇ လက်မ) တို့လည်း ပါဝင်ပါတယ်။

Featured Photo: crickettimes