ဘက်စကပ်ဘောကစားခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး သက်လုံကောင်းကာ အမောခံနိုင်ပါတယ်။ ကြွက်သားများကိုလည်း သန်မာစေပြီး အသင်းအဖွဲ့အလိုက် ပူးပေါင်းလုပ်ဆောင်တတ်ဖို့ကိုလည်း ကူညီပေးပါတယ်။

အသိသာဆုံးအားသာချက်တစ်ခုကတော့ ဘက်စကပ်ဘောကစားခြင်းသည် အရပ်ရှည်စေတာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ဘက်စကပ်ဘောကစားသမားများကို ကြည့်လိုက်မယ်ဆိုရင် အခြားသူတွေထက် အရပ်ရှည်ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အရပ်ရှည်ကြတဲ့ ဘက်စကပ်ဘောကစားသမားများ အများအပြားရှိတဲ့အနက် ကမ္ဘာ့အရပ်အရှည်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘက်စကပ်ဘောကစားသမားများကို ဖော်ပြပေးလိုက်ရပါတယ်။

Gheorghe Muresan

Tallest NBA Players in the World

Photo: Nbcwashington

Gheorghe Muresan ကတော့ ကမ္ဘာ့အရပ်အရှည်ဆုံး ဘက်စကပ်ဘောကစားသမားပဲဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၇ လက်မအထိရှိပါတယ်။ အချို့သတင်းများထဲမှာလည်း ၇ ပေနဲ့ ၈ လက်မနီးပါးရှိတယ်လို့ ဖော်ပြကြပါတယ်။

Manute Bol

Tallest NBA Players in the World

Photo: Dukebasketballreport

ဒုတိယအရပ်အရှည်ဆုံးကစားသမားကတော့ Manute Bol ဖြစ်ပြီး သူ့အရပ်ကလည်း ၇ ပေနဲ့ ၇ လက်မဖြစ်ပါတယ်။ သူသည် ၁၉၈၅ ခုနှစ်ကတည်းက သူ့ရဲ့ကစားသမားဘဝကို အစပြုခဲ့တာဖြစ်ပါတယ်။

Yao Ming

Tallest NBA Players in the World

Photo: CGTN

ဘက်စကပ်ဘောချစ်သူများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အားကစားပရိသတ်များအနေနဲ့ Yao Ming နဲ့ ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်။ တရုတ်လူမျိုးကစားသမားဖြစ်ပြီး သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၆ လက်မအထိရှည်ပါတယ်။

Shawn Bradley

Tallest NBA Players in the World

Photo: Mavsmoneyball

Shawm Bradley ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၆ လက်မရှည်ပါတယ်။ သူသည် ၁၉၉၃ ခုနှစ်ကတည်းက ဘက်စကပ်ဘောပွဲများတွင် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့အားကစားစွမ်းရည်ကလည်း အံ့မခန်းပါပဲ။

Pavel Podkolzin

Tallest NBA Players in the World

Photo: Alchetron

Pavel သည် ရုရှားလူမျိုး ဘက်စကပ်ဘောကစားသမားဖြစ်ပြီး သူသည် ပွဲပေါင်း ၄ ပွဲသာ ဆော့ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မအထိရှိပါတယ်။

Chuck Nevitt

Tallest NBA Players in the World

Photo: Heraldweekly

Chuck ရဲ့ အားကစားသက်တမ်းသည် ၁၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ပွဲပေါင်း ၁၅၅ ပွဲမှာ ပါဝင်ဆော့ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မအထိရှည်ပါတယ်။

Tacko Fall

Tallest NBA Players in the World

Photo: Ucf.edu

Tacko Fall သည် နာမည်ကြီး ဘက်စကပ်ဘောအသင်းဖြစ်တဲ့ Boston Celtics အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မ ရှည်ပါတယ်။

Sim Bhullar

Tallest NBA Players in the World

Photo:

Sim Bhullar ကတော့ ကနေဒါလူမျိုး ဘက်စကပ်ဘောကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အရပ်ကတော့ ၇ ပေနဲ့ ၁၀ လက်မအထိရှည်ပါတယ်။

Mark Eaton

Tallest NBA Players in the World

Photo: People

သူကတော့ အမေရိကန်ကစားသမားတစ်ယောက်ဖြစ်ပြီး ၇ ပေနဲ့ ၄ လက်မရှည်ပါတယ်။ သူသည် ကစားပွဲပေါင်း ၈၇၅ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အမှတ်ပေါင်း ၅၂၁၆ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

Slavko Branes

Tallest NBA Players in the World

Photo:

Slavko Branes ကတော့ ဒီစာရင်းထဲမှာ ၁၀ ယောက်မြောက်ချိတ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၄ လက်မရှည်ပြီး Mark နဲ့ ယှဉ်ရင် အတူတူပဲဖြစ်ပေမယ့် Mark က သူ့ထက် ကစားပွဲပေါင်း ပိုကစားရပြီး အမှတ်ပေါင်းလည်း ပိုများပါတယ်။

Source: Sportsunfold.com

Featured Image Source: FanBuzz