တက်တူးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ လူငယ်အများစုဟာ တက်တူးထိုးကြတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို မစဉ်းစားဘဲ ထိုးကြလေ့ရှိပါတယ်။ တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှု ရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ တက်တူးထိုးခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

Professional tattooer demonstrates the process of getting tattoo in his salon

Source : Freepik

တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းက (၈၃) ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။

တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။

တက်တူးထိုးတာကနေတဆင့် အိတ်ချ်အိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုးကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။

a tattoo artist mixing colors in a plastic cup

Source : Freepik

တက်တူးထိုးဖို့ စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။ အရေပြားဓာတ်မတည့်မှုခံစားရသူတွေမှာ အနီရောင်မင်က အရေပြားဓာတ်မတည့်မှုကိုပိုဆိုးစေပါတယ်။အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့် အညိုရောင်မှဲ့တွေပေါ်မှာ တက်တူးထပ်ထိုးတာမျိုးမလုပ်ပါနဲ့။ သန့်ရှင်းရေးကို ဂရုစိုက်တဲ့ကျွမ်းကျင်တဲ့ tattoo artist ထံမှာပဲ တက်တူးထိုးပါ။ ခရီးသွားနေရင်း တက်တူးမထိုးပါနဲ့။ ပွဲတော်တစ်ခုမှာပါဝင်ဆင်နွှဲနေချိန်မျိုးမှာလည်း တက်တူးမထိုးပါနဲ့။အသုံးပြုမယ့်မင်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီအကြောင်း အသေးစိတ်သေချာမေးမြန်းပါ။