တက်တူးဆိုတာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ခံယူချက်တွေကို သိနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုလို့ဆိုကြပါတယ်။ တက်တူးနဲ့ပတ်သတ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ချင်းမတူကြပေမယ့် အများစုကတော့ သူတို့ဘဝရဲ့ အမှတ်တရတွေ ၊ အချစ်ဆုံး သို့မဟုတ် အကြိုက်ဆုံးလူပုဂ္ဂိုလ်ရဲ့ ပုံတွေ ၊ ခံစားချက် ခံယူချက်တွေကို အရေပြားပေါ်မှာ သေရာပါပန်းချီကားတစ်ချပ်အဖြစ်ရေးထိုးကြတာဖြစ်ပါတယ်။ ဒီနေ့ဖော်ပြပေးမယ့် တက်တူးပုံလေးတွေကတော့ သူတို့ခံယူချက်နဲ့ သူတို့တော့ ဟုတ်နေပေမယ့် တခြားသူတွေရဲ့အမြင်မှာ ရယ်ရခက်ငိုရခက်ဖြစ်စေမယ့် တက်တူးပုံလေးတွေဖြစ်ပါတယ်။ တချို့ပုံလေးတွေဆိုရင် ရယ်လည်းရယ်ရသလို အနုပညာလက်ရာမြောက်စွာပုံဖော်ထားတဲ့ အမိုက်စားတက်တူးလေးတွေလည်းပါပါတယ်။စိတ်ဝင်စားတယ်ဆိုရင် အတူတူကြည့်လိုက်ရအောင်။

(၁) ခြေအိတ်ဖိုး ပိုက်ဆံမကုန်တော့ဘူး

(၂) Copy အကူးလွန်ပြီး နို့သီးခေါင်းပါ တက်တူးပုံထဲထည့်ထိုးမိသောအခါ

(၃) LV (Louis Vuitton) Brand ရဲ့ အမာခံပရိသတ်

(၄) John Lennon နဲ့ Harry Potter နှစ်ယောက်စလုံးရဲ့ Fan ဖြစ်နေသောအခါ

(၅) ဒီပုံကို Marilyn Monroe မြင်ရင်ထိုင်ငိုနေမိမှာ အသေအချာပဲ

(၆) ဦးခေါင်းပေါ်က အမာရွတ်တွေကို အနုပညာအဖြစ်ပြောင်းလဲခြင်း (အိုက်ဒီယာမိုက်)

(၇) ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်သော်လည်းတက်တူးအရမ်းကြိုက်နေသောအခါ

(၈) စိတ်ခြောက်ခြားစေနိုင်တဲ့ မျက်ဝန်းတစ်စုံ

(၈) ဒီပုံကတော့ တော်တော်လေးဖန်တီးမှု အနုပညာဆန်သွားပြီ

(၉) မျက်နှာများတဲ့မောင်

(၁၀) Washington Redskins logo အတွက် မျက်ရည် ၂ စက်

(၁၁) Zombie နဲ့တူနေတဲ့ သနားစရာ Tinkerbell

(၁၂) ဆရာဝန်တစ်ယောက်ဖြစ်ချင်သူနဲ့ လိုင်းတွေဖြောင့်အောင်မဆွဲနိုင်တဲ့ တက်တူးဆရာတို့ ဆုံကြတဲ့အခါ

ရယ်ရခက် ၊ ငိုရခက် တက်တူးပုံလေးတွေကြည့်ရှု့ပြီး ဘဝအမောတွေပြေနိုင်ကြပါစေ။

Source : Brightside