Taylor Swift ဆိုတာကတော့ ကမ္ဘာကျော် နာမည်ကြီး အဆိုတော်နှင့် သီချင်းရေးဆရာဖြစ်ပြီး အသည်းကွဲသီချင်းများ၊ အဆွေးသီချင်း များနှင့် ပတ်သက်လာလျှင် ဆရာတစ်ဆူပါပဲ။ သူ(မ)ရဲ့ သီချင်းတွေကို နားထောင်လိုက်တဲ့အခါ ပုံပြင်လေးတစ်ပုဒ် နားထောင်နေရသလို ခံစားရစေမှာဖြစ်ပါတယ်။

သူ(မ)ရဲ့ သီချင်းတော်တော်များများသည် သူ(မ)ရဲ့ ဘဝအကြောင်းကနေ အခြေခံရေးသားထားတာဖြစ်ပြီး အထူးသဖြင့် သူ(မ)ရဲ့ အသည်းကွဲဝေဒနာများကို ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးချကာ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်လာအောင် ဖန်တီးရေးသားလေ့ရှိပါတယ်။

Taylor Swift ကို ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး သူ(မ)သည် အသက် ၁၁ နှစ်လောက်ကတည်းက အနုပညာလောကထဲသို့ အနုပညာလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာတော့ Sony/ATV တွင် သီချင်းရေးဆရာအဖြစ် လုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Taylor Swift အဆွေးသီချင်း

Photo: Life & Style

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ဖို့ဆိုတာ သူ(မ)အတွက်တော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ယခုအချိန်အထိလည်း အတိုက်အခိုက်မျိုးစုံ ခံနေရတာဖြစ်ပါတယ်။ သို့သော် သူ(မ)သည် ဘယ်လိုပဲ တိုက်ခိုက်ခံနေရပါစေ ထိုတိုက်ခိုက်မှုတွေကို ရဲရဲကြီး ပြန်ရင်ဆိုင်တတ်တဲ့ ဖိုက်တာမလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

သူ(မ)ကို မနှစ်သက်သူများကလည်း ရည်းစားတွေ ထည်လဲတွဲတဲ့သူတစ်ယောက် မျက်နှာများတဲ့သူတစ်ယောက်အဖြစ် ပုံဖော်လေ့ရှိကြပါတယ်။ သို့သော် ယခုအချိန်မှာတော့ သူ(မ)ရဲ့ အချစ်စစ်နဲ့ ရှာဖွေတွေ့ရှိသွားခဲ့ဟန်တူပါတယ်။ Taylor Swift တစ်ယောက် အဆွေးသီချင်း တွေနဲ့ အဖော်ပြုခဲ့ရာကနေ အခုဆိုရင် Joe Alwyn နဲ့အတူ သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

Taylor Swift ရဲ့ ပရိသတ်များအနေနဲ့ သူ(မ)ရဲ့ အဆွေးသီချင်း များကို နားထောင်လို့မဝသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းလေးများကို ဆက်လက်နားဆင်နိုင်ပါသေးတယ်။

Ronan

ဒီသီချင်းကတော့ Taylor’s Version နဲ့ ပြန်လည်သီဆိုထားတဲ့ Ronan သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးက ဝမ်းနည်းစရာအမှန်တရားတစ်ခုအပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။

Taylor Swift တစ်ယောက်သည် Maya Thompson ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ ဘလော့ဂ်ကို ဖတ်ပြီးတဲ့နောက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ Maya မှာ Ronan Thompson လို့ခေါ်တဲ့ သုံးနှစ်အရွယ်သားလေးတစ်ယောက်ရှိပြီး ထိုကလေးလေးသည် အာရုံကြောကင်ဆာရောဂါကြောင့် ၂၀၁၁ ခုနှစ်မှာပဲ ဆုံးသွားခဲ့တာဖြစ်ပါတယ်။

Last Kiss

Source: Taylor Swift Universe

နောက်ထပ် သီချင်းအေးအေးလေးနဲ့ ဆွေးလို့ကောင်းမယ့်သီချင်းတစ်ပုဒ်ကတော့ Last Kiss ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ သူ(မ) အသည်းကွဲပြီးနောက်မှာ တစ်စုံတစ်ယောက်ထံသို့ ပေးစာအဖြစ် ရေးသားထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

I Almost Do

Source: Taylor Swift

ဒီသီချင်းလေးကတော့ ကိုယ့်အပေါ်မကောင်းတဲ့ ရည်းစားဟောင်းဆီသို့ စိတ်ပြန်လည်မိပြီး နောက်တစ်ကျော့ သူ့ဆီ ထပ်သွားမိအံ့ဆဲဆဲအဖြစ်ကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ Red အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

All Too Well

All Too Well သီချင်းကတော့ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ သူနဲ့ သူ့ရဲ့ ရည်းစားဟောင်း Jake Gyllenhaal တို့ သုံးလခန့် တွဲပြီးနောက် ဘာ့ကြောင့် ပြတ်သွားရသလဲဆိုတာကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ Jake အပေါ် သူ(မ) ဘယ်လောက်အထိ ချစ်ခဲ့သလဲဆိုတာ ပေါ်လွင်ပါတယ်။

Come Back… Be Here

ဒီသီချင်းလေးကိုလည်း သူ့ဖန်တွေက ထင်ကြေးအမျိုးမျိုး ပေးကြပြီး နောက်ဆုံးမှာတော့ Jake Gyllenhaal ကို ရည်ညွှန်းပြီး ရေးသားထားတာဖြစ်တယ်လို့ ပြောကြပါတယ်။

The Moment I Knew

ဒီသီချင်းလေးကတော့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒီသီချင်းကလည်း သူ့ရဲ့ ရည်းစားဟောင်း Jake Gyllenhaal သည် သူ(မ)ရဲ့ ၂၁ နှစ်မြောက် မွေးနေ့ပွဲကို ပျက်ကွက်ခဲ့တဲ့အကြောင်း ရေးသားသီဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ သူ(မ)ရဲ့  ၂၁ နှစ်ပြည့်မွေးနှစ်သည် သူ(မ)အတွက် အဆိုးရွားဆုံး အတွေ့အကြုံတစ်ခုဖြစ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။

Dear John

ဒီသီချင်းလေးကတော့ သူ့ရဲ့ရည်းစားဟောင်း အဆိုတော်နှင့် သီချင်းရေးဆရာ John Mayer အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

Sad Beautiful Tragic

ဒီသီချင်းလေးကတော့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ သူ(မ)သည် ကမ္ဘာလှည့်ဖျော်ဖြေနေစဉ် သူ(မ)ရဲ့ Tour Bus ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူ(မ)ရဲ့ ဖန်တွေကတော့ ဒီသီချင်းသည် John Mayer (သို့) Jake Gayllenhaal (သို့) Taylor Lautner သုံးယောက်တည်းက တစ်ယောက်ယောက်ကို ရည်ညွှန်းရေးသားထားတာလို့ မှတ်ယူထားကြပါတယ်။ သို့သော် ဒီသီချင်းလေးသည် Back To December လိုမျိုး အေးအေးချမ်းချမ်းလေးနဲ့ လမ်းခွဲထားတဲ့ အဆုံးသတ်ပုံစံမျိုး သီဆိုထားတဲ့အတွက်ကြောင့် Taylor Lautner ကို ရည်ညွှန်းပြီး ရေးသားထားတာဖြစ်မယ်လို့ ကောက်ချက်ဆွဲထားကြပါတယ်။

Breathe

ဒီသီချင်းလေးကလည်း အေးအေးချမ်းချမ်းလေး လမ်းခွဲထားပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Never Grow Up

Source: Marvelous Tunes

ဒီသီချင်းလေးကတော့ သူ(မ)သည် ဘယ်လိုမျိုး ကြီးပြင်းလာခဲ့သလဲဆိုတာကိုတောင် မသိဘူးဆိုတဲ့အကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။

Source: Tonestart.

Featured Image Source: Billboard