မိန်းကလေးတစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးတဲ့ပုံစံချင်းမတူပေမယ့် ယေဘုအားဖြင့် သူတို့တွေကိုစိတ်ဆိုးပြေအောင်ချော့လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်လိုချော့နည်းတွေနဲ့ စိတ်ကောက်နေတဲ့ချစ်သူကို အကောင်းဆုံးကိုယ်တွယ်ဖြေရှင်းရမလဲဆိုတာဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) အပြစ်ကိုဝန်ခံလိုက်ပါ

Source : Lively Stones

ကိုယ်ကအမှားတစ်ခုခုကျူးလွန်ထားမိရင် ကိုယ်ရဲ့အမှားကို ရှောင်ပုန်းဖို့မကြိုးစားပါနဲ့။ ဒီလိုအမှားကို ဖုံးကွယ်ဖို့လိမ်ညာတဲ့နည်းက မိန်းကလေးတွေစိတ်ဆိုးပြေဖို့ချော့တဲ့နေရာမှာ အသုံးအဝင်ပါဘူး။ အကောင်းဆုံးက ကိုယ့်ရဲ့အပြစ်ကို ဝန်ခံလိုက်ပါ။ အကျိုးကြောင်းသေချာရှင်းပြပြီးတောင်းပန်ပါ။ ကိုယ့်ရဲ့အမှားကိုတာဝန်ယူတဲ့အခါ ကောင်မလေးဘက်ကလည်း စိတ်လျော့ပြီမကြာခင်မှာစိတ်ဆိုးပြေသွားပါလိမ့်မယ်။

(၂) သူမရဲ့လက်လေးကိုင်ထားပါ

Source : Career Trend

ချစ်သူကောင်မလေးရဲ့လက်ကိုင်ကိုနွေးထွေးစွာကိုင်ထားခြင်းက ကိုယ်အနေနဲ့ အလံဖြူပြတယ် စိတ်ဆိုးပါနဲ့တော့ ဆိုတဲ့သဘောကို ပြောချင်တဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဒါကြောင့် ရန်ဖြစ်စကားများတဲ့အခါပဲဖြစ်ဖြစ် သူမဘက်ကစိတ်ဆိုးနေတဲ့အချိန်မှာပဲဖြစ်ဖြစ် သူမရဲ့လက်လေးကိုင်သာ မရမက လှမ်းကိုင်ထားလိုက်ပါ။ သိပ်မကြာခင်မှာ သူမဒေသစိတ်တွေနဲ့ စိတ်ဆိုးနေတဲ့စိတ်တွေပြေလျော့သွားပါလိမ့်မယ်။

(၃) စိတ်ရှည်ပေးပါ

Integrated Addiction Care

ကောင်မလေးအနေနဲ့ ကိုယ်ကိုဘာကြောင့်စိတ်ဆိုးနေတယ် ဘာမကျေနပ်တာရှိလဲဆိုတာ သေသေချာချာစိတ်ရှည်ရှည်နဲ့ မေးကြည့်ပါ။ အစပိုင်းမှာတော့ သူမအနေနဲ့ ပြောချင်မှပြောပါလိမ့်မယ်။ ကိုယ်ဘက်ကစိတ်ရှည်တဲ့ အမူအရာကိုပြနေရင်တော့ သူမရဲ့ရင်တွင်းခံစားချက်တွေလည်းဖွင့်ဟလာမှာဖြစ်ပါတယ်။ သူမဘာကိုစိတ်ဆိုးတယ်ဆိုတာသိတော့မှ ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာလို့ရမှာမလို့ သူမကိုစိတ်ရှည်ရှည်နဲ့သာမေးကြည့်ပါ။

(၄) လူချင်းတွေ့ပြီးဖြေရှင်းပါ

Source : JION

တစ်ခါတစ်လေမှာဖြစ်တဲ့ပြဿနာကသိပ်မကြီးပေမယ့် ဖုန်းထဲကနေအပြန်အလှန်စကားပြောငြင်းခုန်ကြရင်း ဒေါသစိတ်တွေပိုပြီးဖြစ်လာတက်ပါတယ်။ နောက်ပြီး မိန်းကလေးတွေက သူတို့စိတ်ဆိုးစိတ်ကောက်ဖြစ်နေချိန်မှာ အနားကိုလူကိုယ်တိုင်ရောက်လာပြီးချော့တာမျိုးကိုပိုပြီး လိုလားကြပါတယ်။ဒါကြောင့် စိတ်ဆိုးစိတ်ကောက်ဖြစ်ရင်ဖုန်းနဲ့မရှင်းပါနဲ့။ လူကိုယ်တိုင်သွားပြီးချော့လိုက်ပါ။ ပြန်အဆင်ပြေသွားပါလိမ့်မယ်။