လူတွေဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပိုက်ဆံစုလေ့ရှိပါတယ်။ ခရီးသွားဖို့ ၊ ကားဝယ်ဖို့ ၊ အိမ်ဝယ်ဖို့ ၊ မင်္ဂလာဆောင်ဖို့ စသည်ဖြင့် ငွေစုတဲ့ရည်ရွယ်ချက်က အများကြီးပါပဲ။ ငွေစုတယ်ဆိုတာ ကိုယ်လုပ်ချင်တဲ့ကိစ္စအတွက် ငွေရေးကြေးရေး မပူပင်ရဖို့ ဖြစ်ပါတယ်။ လုပ်ငန်းထောင်ဖို့ စဉ်းစားနေတဲ့လူတွေအတွက်လည်း ကိုယ့်အရင်းအနှီးနဲ့ကိုယ် လုပ်ငန်းစထောင်နိုင်အောင် အခုပြောမယ့်နည်းလေးတွေနဲ့ ပိုက်ဆံစုသွားလို့ ရပါတယ်။

(၁) အကြွေးတွေ အရင်ရှင်းထားပါ

Computer and cards

 

အကြွေးတန်းလန်းနဲ့ ပိုက်ဆံစုဖို့ မလုပ်ပါနဲ့။ အရင်ဆုံးသင့်မှာ ရှိထားတဲ့အကြွေးတွေ ရှင်းထုတ်ဖို့ လိုပါတယ်။ အကြွေးတွေ ကျေပြီးနောက် ကိုယ့်ဝင်ငွေထဲကနေ ခြိုးခြံပြီး ငွေစုပါ။ လုပ်ငန်းထောင်ဖို့ အရင်းအနှီးအတော်အတန်ကို အပြင်ကနေ ချေးရရင်တောင် ကိုယ့်စုငွေနဲ့ဆို ချေးငွေယူမယ့်ပမာဏနည်းသွားမှာပါ။

(၂) အစီအစဉ်နဲ့ စုပါ

saving money

 

ကိုယ်စိတ်ကူးထားတဲ့ လုပ်ငန်းလေး စတင်ဖို့ ပိုက်ဆံအရင်းအနှီး ဘယ်လောက်လိုမလဲ အရင်တွက်ပါ။ ပြီးရင် တစ်လ ဘယ်လောက်အထိ ဖြစ်အောင် စုနိုင်သလဲ ကြည့်ပြီး မဖြစ်ဖြစ်အောင် လစဉ်နှုန်းထားအတိုင်း စုဆောင်းသွားပါ။ ငွေစုတဲ့အတွက် အသုံးစရိတ်ဘယ်လောက် ချွေတာသွားရမယ်ဆိုတာပါ ထည့်တွက်ဖို့တော့ လိုပါတယ်။ ရေရှည်စုနိုင်လောက်အောင် လက်တွေ့ကျတဲ့ ငွေစုနည်းမျိုးဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ သင့်ရဲ့ ငွေစုတဲ့အစီအစဉ် အောင်မြင်မှာ ဖြစ်ပါတယ်။

(၃) မပျက်မကွက်စုပါ

Money on Hands

 

လစဉ်ဝင်ငွေရဲ့ ဘယ်လောက် % ကို စုငွေအဖြစ် ဖြစ်အောင် စုမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပြီးရင် တစ်လတစ်လ စုငွေမှန်မှန်ထည့်နိုင်အောင် ကြိုးစားပါ။ မလိုအပ်တာတွေ တတ်နိုင်သမျှ ငွေမကုန်အောင် လျှော့ပါ။ အသုံးအစွဲမှာ စည်းကမ်းထားပြီး စနစ်ဇယားနဲ့ စုဆောင်းတာမျိုး လုပ်ပါ။ ငွေကုန်ကြေးကျများမယ့် ပွဲလမ်းသဘင်နဲ့ ၊ အပျော်အပါးကိစ္စတွေ ရှောင်ကြဉ်ပါ။ ငွေစုတဲ့အစီအစဉ်ကို မပျက်အောင် စောင့်ရှောက်ပါ။

(၄) သေချာတဲ့နေရာမှာ ရင်းနှီးမြှပ်နှံပါ

holding money

 

ကိုယ်စုထားတဲ့ငွေကို မချေးငှားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ယုံကြည်စိတ်ချရတဲ့ လူနဲ့ လုပ်ငန်းတွေမှာတော့ ရင်းနှီးမြှပ်နှံတာမျိုး လုပ်နိုင်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ရင် သင့်စုငွေထဲက မသုံးဖို့လည်း အကြံပေးချင်ပါတယ်။

Featured Photo: besttechie