အမျိုးသားအပေါင်းတို့… ရင့်ကျက်ဖို့ အချိန်တန်ပါပြီ။ လူကြီးလူကောင်း ပီသစွာ ဝတ်ဆင်ထားတဲ့ ယောင်္ကျားတစ်ယောက်ဟာ တည်ကြည်ခန့်ညားမှုအပြည့်ရှိလို့ပါပဲ။

လူတွေနဲ့ ဆက်ဆံရာမှာ ပိုပြီးလေးစားသမှုခံယူချင်ပါသလား။ မိန်းကလေးတွေရဲ့ စိတ်အာရုံကို ပိုပြီးဆွဲဆောင်ချင်ပါသလား။

သင့်အဝတ်အစားတွေထဲက ဘယ်လိုအဝတ်အထည်နဲ့ အသုံးအဆောင်တွေက ကလေးတစ်ယောက်လို ဖြစ်သွားစေနိုင်လဲဆိုတာ လေ့လာထားပါ။ တည်ကြည့်ခန့်ညားတဲ့ယောကျာ်းတစ်ယောက်ဖြစ်အောင် ကလေးဆန်တဲ့အဝတ်အစားတွေကို ရှောင်ကြဉ်ပါ။

အပြေးဖိနပ်တွေ

Source : Men Fashion Page

အပြေးဖိနပ်တွေကို တကယ်အပြေးလေ့ကျင့်နေချိန်မဟုတ်ဘဲ ဝတ်တာက ကလေးဆန်စေပါတယ်။ အရောင်စုံ ဒီဇိုင်းတွေနဲ့ အပြေးဖိနပ်တွေကို စီးမယ့်အစား အဖြူ၊ အနက်၊ မီးခိုး စတဲ့ တစ်ရောင်ထဲ Sneaker တွေကို စီးတာက ပိုသင့်တော်ပါတယ်။

ဘောင်းဘီတိုနဲ့ ဂျင်းပြာတွေ

Source : Men Fashion Page

ဘောင်းဘီတိုတွေက ကလေးအရွယ်လူငယ်တွေရဲ့ အဝတ်အစားဖြစ်နေခဲ့တာ ကြာပါပြီ။ ဘောင်းဘီရှည်တစ်ထည်ကပဲ ငယ်ရွယ်နုပျိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသွင်ကို ဆောင်နိုင်ပါတယ်။ ကမ္ဘာအနှံ့မှာ ရင့်ကျက်တည်ငြိမ်တဲ့ ယောင်္ကျားတိုင်း ကမ်းခြေမဟုတ်ရင် ဘောင်းဘီတိုမဝတ်ကြပါဘူး။ ဂျင်းဘောင်းဘီအပြာတွေနဲ့ ပတ်သက်လို့ကတော့ ရင့်ကျက်တဲ့အမျိုးသားတွေက ဂျင်းဘောင်းဘီကို ဝတ်ဆင်ကြတာပါ။ ကလေးတွေကတော့ ဂျင်းဘောင်းဘီထဲမှာ ရှင်သန်ကြတာပါ။ ဆိုလိုတာက ရင့်ကျက်တဲ့အမျိုးသားတွေက ဂျင်းဘောင်းဘီတွေကို အခြေအနေပေါ်လိုက်ပြီး ဖက်ရှင်ကျအောင် ဝတ်တတ်ကြပါတယ်။ ဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ် ဂျင်းဘောင်းဘီဝတ်နေမယ်ဆိုရင်တော့ ကလေးဆန်သွားပါပြီ။

ခေါင်းစွပ်အင်္ကျီတွေ

Source : Fashionbeans.com

လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းတွေကို ခေါင်းစွပ်အင်္ကျီနဲ့ မြင်ဖူးပါသလား။ ဟုတ်ပါတယ်။ ခေါင်းစွပ်ပါတဲ့ Hoodies တွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက်ပါ။ ခေါင်းစွပ်အင်္ကျီတွေကို ရှင်းထုတ်ပြီး ဂျာကင်တွေဝတ်ဖို့ စဉ်းစားပါ။

ကျောပိုးအိတ်

Source : Men Fashion Page

လူငယ်ကောင်လေးတွေပဲ ကျောပိုးအိတ်လွယ်ကြပါတယ်။ ယောင်္ကျားတွေက လက်ဆွဲအိတ်သုံးကြပါတယ်။ စီးပွားရေးနယ်ပယ်မှာ ဝင်ဆံ့ချင်တယ်ဆိုရင် ကျောပိုးအိတ်က အဆင်မပြေပါဘူး။ လက်ဆွဲအိတ် ဒါမှမဟုတ် ဘေးလွယ်အိတ်ကောင်းကောင်းတစ်လုံး ရှိနေဖို့ လိုပါတယ်။

Source : Men Fashion Page

နောက်ဆုံးအချက်အနေနဲ့ကတော့ ခန္ဓာကိုယ်ထက် ပိုကြီးတဲ့အဝတ်အစားတွေကို ကလေးတွေပဲ ဝတ်ပါတယ်။ လူကြီးလူကောင်းပီသတဲ့ယောကျာ်းတိုင်းက ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါတယ်။

Feature Image Source : FashionBeans.com