နောက်ပိုင်း စမတ်ဖုန်းတွေမှာ Telephoto Lens ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလာတာ သတိထားမိမှာပါ။ Telephoto Lens ဆိုတာက ဟိုးအဝေးကြီးက အရာဝတ္ထုတွေကို အနီးကပ်မြင်ရအောင် Zoom ဆွဲရိုက်ကူးရာ အဓိကသုံးတဲ့ ကင်မရာ လို့ အလွယ်မှတ်လို့ရပါတယ်။ အဝေးက အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားမှုအပြည့်နဲ့ Optical Zoom ရအောင်လုပ်ဆောင်ပေးတဲ့ Lens တွေလည်း ဖြစ်ပါတယ်။ ယခင်က ပရော်ဖက်ရှင်နယ် DSLR ကင်မရာတွေနဲ့ Mirrorless တွေမှာသာ ရိုက်ကူးလို့ရနိုင်တဲ့ Telephoto ပုံရိပ်တွေကို အခု ကွီးတို့လက်ထဲက စမတ်ဖုန်းတွေနဲ့ အလွယ်တကူ ရိုက်လို့ရနေပါပြီ။ Telephoto Lens ပါတဲ့ စမတ်ဖုန်းတွေထဲမှာတော့ အခုပြောပြမယ့် အမျိုးအစား မော်ဒယ်တွေက အကြမ်းဆုံး ကောင်တွေလို့ပဲ ပြောနိုင်ပါတယ်။
(၁) vivo X200 Pro

Photo : Gizmochina
Telephoto ကင်မရာ ဖုန်းတွေထဲက အလန်းဆုံး ဆရာကြီးတစ်ပါးကတော့ vivo X200 Pro ပါ။ vivo X200 Pro မှာ ZEISS ရဲ့ 200MP Periscope Telephoto Lens ပါဝင်တဲ့အတွက် ကြည်လင်ပြတ်သားမှုအရှိဆုံး Optical Zoom ပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပြီး ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ 8K ဗီဒီယိုတွေကိုလည်း ရိုက်နိုင်မှာ ဖြစ်ပါတယ်။
(၂) Samsung Galaxy S25 Ultra

Photo : SChitec
ကင်မရာ ပိုင်းထဲမှာ ပြိုင်စံရှား ဘုရင်ကြီးတစ်ပါးအဖြစ် သတ်မှတ်ခံထားရတဲ့ Samsung Galaxy S25 Ultra မှာတော့ 3x နဲ့ 10x Optical ၊ Dual Telephoto Lens တွေ ပါဝင်ပါတယ်။ Telephoto Lens ၂ ခုလုံးက 200MP Sensor တွေကို သုံးပေးထားပြီး 8K / HDR10+ ရုပ်သံဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
(၃) Google Pixel 9 Pro XL
![]()
Photo : Aaron x Loud and Wireless
Google Pixel ထဲက ဆိုရင်တော့ 9 Pro XL က Telephoto ကင်မရာ ဖုန်းတွေထဲမှာ နာမည်ကြီး ဆရာကြီး တစ်ပါးပါပဲ။ AI သုံး 48 MP 5x Zoom အထိ အသုံးပြုနိုင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ အနီးကပ်ပုံရိပ်တွေနဲ့ 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
(၄) OnePlus 13

Photo : Gizmochina
OnePlus ရဲ့ ကင်မရာပိုင်းကတော့ အများကြီး ရှင်းပြဖို့မလိုအောင် စွမ်းဆောင်ရည် ကြမ်းတယ်ဆိုတာ စမတ်ဖုန်းနယ်ပယ်က လူတိုင်း သိပြီးသား ဖြစ်မှာပါ။ OnePlus ရဲ့မော်ဒယ်တွေ အများကြီးရှိတဲ့အထဲကမှ OnePlus 13 ကတော့ 50 MP Periscope Telephoto (3x) Lens ပါဝင်ပြီး ကြည်လင်ပြတ်သားမှုအပြည့်နဲ့ Optical Zoom ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်သလို Flagship-Grade Performance ကို ကောင်းကောင်းကြီး ခံစားနိုင်မှာ ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : innoGyan
