Relationship တစ်ခုရပ်တန့်လိုက်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ဆုံးဖြတ်လို့မရနိုင်ပါဘူး။ သို့သော်အခုပြောတဲ့အရာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တော့ သင့်တို့အချစ်ရေးကို ရပ်တန့်လိုက်တာက နှစ်ယောက်စလုံးအတွက်ပိုကောင်းပါလိမ့်မယ်။
တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ရဲ့နဂို စရိုက်လက္ခဏာတွေကို ချစ်တာပါ။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲဖို့ ကြိုးစားတာဟာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဝါသနာ (သို့) စိတ်ဝင်စားမူတွေကို အခြားလူတွေကြောင့် မပစ်ပယ်သင့်ပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ပါတနာက အကြောင်းပြချက်မရှိဘဲ သဘောမကျတာလုပ်မိသွားတာကြောင့်လည်း အပြစ်ရှိသလို ခံစားမနေဖို့ လိုအပ်ပါတယ်။ ယခင်က ယခုလက်ရှိထက် ပိုမိုပျော်ရွှင်ခဲ့ဖူးတယ်။ ယခု relationship မှာအကျဉ်းကျသလို ခံစားနေရတယ်ဆိုရင် သေချာစဉ်းစားဖို့ လိုအပ်နေပါပြီ။

Source : Freepik
သင့်ရဲ့ပါတနာက သင့်အတွက်အချိန်လုံလုံလောက်လောက်မပေးတော့ဘူး။ ဒါပေမယ့် တခြားလူတွေနဲ့ အချိန်တွေဖြုန်းနေတယ်ဆိုရင် ဒါဟာ သင့်ကိုစိတ်မဝင်စားတော့ဘူးဆိုတာကို ပြနေတာပါ။ အကယ်၍ ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးချင်တယ်ဆိုရင် သူတို့အတွက် အချိန်ပိုလာအောင် လုပ်ပေးပါလိမ့်မယ်။ မချစ်တော့ဘူးဆိုရင်တော့ ပိုနေတဲ့အချိန်တွေတောင် မပေးချင်ဘဲဖြစ်တတ်ပါတယ်။
ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့တောင် စကားများရန်ဖြစ်ရတယ်။ စကားပြောတိုင်းလည်း ရန်ဖြစ်ရတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ အကြံညဏ်တွေကိုလည်း ဂရုမစိုက်ဘူး။ ဒါဆိုရင်တော့ လက်တွဲဖြုတ်သင့်ပြီလို့ အကြံပေးပါရစေ။ Relationship တစ်ခုတည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးကလည်း အရေးပါလှပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ပါတနာ ဖြစ်သူနှင့်ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အခတ်အခဲဖြစ်လာမယ်။ တစ်ယောက်နဲ့တစ်ယောက် လျို့ဝှတ်ချက်တွေ ထားဖြစ်လာမယ်။ စကားအပြောအဆိုလည်း ယခင်ကထက် နည်းလာမယ်ဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။

Source : Freepik
Relationship တစ်ခုမှ အပေးအယူမျှဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်ထဲကပဲ Relationship ကိုတည်မြဲအောင်ကြိုးစားနေတယ် ဆိုရင်တော့ ပင်ပန်းပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ပါတနာက အမြဲတမ်းဆန့်ကျင်ဖက်ကိုဘဲ သွားနေတယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ကိုယ်အားထုတ်ကြိုးပမ်းတာကိုအသိအမှတ်ပြုပေးနိူင်တဲ့ တစ်ယောက်ယောက်ကို ရှာဖွေဖို့ သင့်နေပါပြီ။
