လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ စိက်ကူးအိပ်မက်ဆိုတာ ရှိကြစမြဲပါ။ ဒါပေမယ့် လူတိုင်းတော့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ကြဘူး။ စိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။

ဒီနေ့ kwee page က စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ်လို့ထင်တဲ့ အရာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ယုံကြည်မှုလိုအပ်တယ်

Source: Medium

မိမိကိုယ်ကို မိမိယုံကြည်မှုရှိဖို့က အရေးကြီးပါတယ်။ လူတော်တော်များများ ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေက တန်ဖိုးကြီးလွန်းတာကြောင့် မဖြစ်နိုင်ဘူးဆိုပြီး လက်လျှော့လိုက်တက်ကြပါတယ်။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ရဲ့ စိတ်ကူးတွေဟာ တကယ်ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ ခံယူချက်ထားဖို့လည်းလိုအပ်ပါတယ်။

ရပ်မသွားပါနဲ့

Source: Asset Planning Corporation

နောက်ထပ်အရေးကြီးတဲ့အချက်တချက်ကတော့ သွားနေတဲ့ ခြေလှမ်းတွေကို မရပ်ပစ်လိုက်ဖို့ပါပဲ။ လူတော်တော်များများက အခက်အခဲတွေ ကြုံလာရတဲ့အချိန်မှာ အရှုံးပေးပြီး ထွက်သွားချင်ကြတယ်။ တစ်ခုသိထားရမှာက အခက်အခဲဆိုတာ လူတိုင်းကြုံရမယ့် အရာပါ။ ကြုံလာရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့ အရာကိုရအောင် ယူနိုင်ခြင်းက အလွန်ချိုမြိန်ပါတယ်။ ဂုဏ်ယူဖို့လည်း ကောင်းပါတယ်။

စိတ်ပူပန်မှုကို လျှော့ချပါ

Source: Healthline

လူတော်တော်များများဟာ မမြင်နိုင်တဲ့ အနာဂတ်ကို ကြိုတွေးပြီး စိတ်ပူပန်တက်ကြတယ်။ အနာဂတ်ကို ကြိုတွေးပြီး ပြင်ဆင်နိုင်တာက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အနာဂတ်ကို ကြိုတွေးပြီး ပူပန်နေခြင်းကတော့ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်မှာ နေထိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ကိုယ်လိုချင်တာ ဘာလဲဆိုတာသိပါစေ

Source: The Good Men Project

ကိုယ် ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်း မသိတာမျိုးမဟုတ်ပဲ ဖြစ်ချင်တဲ့အိပ်မက်တစ်ခုကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား သိဖို့လိုအပ်ပါတယ်။ ပြီးရင် လက်တွေ့အကောင်အထည်ဖော်ဖို့ တွေးပါ။ ကိုယ်ဘယ်လိုဖြစ်ချင်သလဲဆိုတာ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းသိနေပါစေ။

အချိန်ယူပါ

Source: Lifehack

စိတ်ကူးယဉ်အိမ်မက်တွေကို အချိန်ခဏအတွင်း ဝုန်းဒိုင်းဆိုပြီး အကောင်အထည်ဖော်ဖို့ဆိုတာ ခက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အိပ်မက်ကို လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် နေ့တိုင်းနည်းနည်းစီ လုပ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ပါ။ တစ်နေ့တစ်လှမ် ပုဂံဘယ်မရွေ့ဆိုတဲ့ စကားပုံအတိုင်းပါပဲ အချိန်ယူပြီး လုပ်ဆောင်ပါ။