တကီလာကို သူ့ချည်းပဲ သောက်ရတာ ငြီးငွေ့ဖို့ကောင်းလှပါတယ်။ အမိုက်စား Tequila ကော့တေးလေးဖြစ်သွားအောင် ဖျော်ရည် အမျိုးမျိုးနဲ့ ဖျော်စပ်နိုင်ပါတယ်။ တကီလာကော့တေးတစ်ခွက်ဖြစ်သွားအောင် ဖော်စပ်နိုင်မယ့် တကီလာနဲ့ လိုက်ဖက်တဲ့ ဖျော်ရည်များကတော့ …
Tequila နှင့် ဆိုဒါ ဖျော်ရည်

Photo: Thespruceeats
တကီလာနှင့် ဆိုဒါသည် ပထမနေရာမှာ ရပ်တည်နေတဲ့ အလိုက်ဖက်ဆုံး ဖျော်ရည်တစ်ခုပဲဖြစ်ပါတယ်။ ဖျော်စပ်ရမယ့်နည်းကလည်း လွယ်ကူပါတယ်။ တကီလာ စားပွဲတင်ဇွန်း ၄ ဇွန်းကို ကလပ်ဆိုဒါ စားပွဲတင်ဇွန်း ၆ ဇွန်းမှ ၈ ဇွန်းအထိ ရောမွှေကာ ဖျော်စပ်ပေးလိုက်ပါ။ သံပုရာရည်ကိုလည်း ထည့်လိုပါက စားပွဲတင်ဇွန်း ၃ ဇွန်းခန့် ထည့်နိုင်ပါတယ်။ ထို့နောက် သံပုရာသီးစိပ်လေးဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ တကီလာဆိုဒါ ကော့တေးတစ်ခွက်ရရှိသွားပြီပဲဖြစ်ပါတယ်။
Tequila နှင့် Grapefruit ဆိုဒါ ဖျော်ရည်

Photo: Delish
ဒီဖျော်စပ်နည်းကလည်း စောစောက ဖျော်စပ်နည်းနဲ့ အတူတူပါပဲ။ ကော့တေးဖန်ခွက်ရဲ့နှုတ်ခမ်းသားပေါ်မှာ Kosher ဆား အနည်းငယ် ဖြူးပေးလိုက်ပါ။ ထို့နောက် သံပုရာသီးစိပ်လေးကို ဖန်ခွက် နှုတ်ခမ်းပေါ်မှာ အလှဆင်ပါ။
ဖန်ခွက်ထဲ ရေခဲတုံးထည့်ပါ။ တကီလာ စားပွဲတင်ဇွန်း ၄ ဇွန်း ထည့်ပါ။ သံပုရာရည်အနည်းငယ် Grapefruit ဆိုဒါအနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာစွဲမက်ဖွယ်ကောင်းတဲ့ တကီလာကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
တကီလာနှင့် နာနတ်သီးဖျော်ရည်

Photo: Thespruceeats
တကီလာရဲ့ အရသာနှင့် နာနတ်သီးဖျော်ရည်တို့ရဲ့အရသာ ပေါင်းစပ်လိုက်တဲ့အခါမှာ တစ်မူထူးခြားတဲ့ ဖျော်ရည်တစ်ခွက် ရရှိသွားမှာပဲဖြစ်ပါတယ်။ သူ့ကို ဖျော်စပ်ဖို့အတွက်ဆိုရင် တကီလာ စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် လိုအပ်ပါလိမ့်မယ်။ နာနတ်သီး ဖျော်ရည်ကိုတော့ စားပွဲတင်ဇွန်း ၈ ဇွန်းခန့် အဆင်သင့်ပြင်ထားပါ။
ဖန်ခွက်ထဲတွင် ရေခဲတုံးထည့်ပါ။ တကီလာထည့်ပါ။ ထို့နောက် နာနတ်သီးဖျော်ရည် ထည့်ပါ။ သမအောင် မွှေပြီးနောက်မှာတော့ နာနတ်သီးစိပ်၊ သံပုရာသီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ့် တကီလာ နာနတ်သီးဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ဖျော်စပ်နည်းလေးတွေသည် ရိုးရှင်းပြီး လွယ်ကူတဲ့အတွက်ကြောင့် မိမိအိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အားလုံးလည်း အကြိုက်တွေ့ကြမယ့် တကီလာကော့တေးတစ်ခွက် ရရှိသွားမှာပဲဖြစ်ပါတယ်။
Source: Thrillist
Featured Image: Bonappetit
