အဖျော်ယမကာတွေထဲမှာမှ Tequila ကို ခုံခုံမင်မင် ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရှိပါသလား။ Tequila ဆိုတာ အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး အပြာရောင် Agave အပင်မှ ပေါင်းခံထုတ်လုပ် ထားပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းကတော့ ၃၈ ကနေ ၅၅ ရာခိုင်နှုန်း အထိပါဝင်ပါတယ်။ အရသာက အချို၊ သစ်သီး နဲ့ အခြားသော အရသာများလည်း ရှိပြီး အရောင်ကတော့ ကြည်လင်သော၊ အညိုရောင် သို့မဟုတ် ရွှေရောင် စသည်တို့ ဖြစ်ပါတယ်။ Tequila ၁.၅ အောင်စတွင် ၉၇ ကယ်လိုရီခန့် ပါဝင်ပါတယ်။ Tequila ကို အမျိုးမျိုးသော အရောအစပ်များနဲ့ ကော့လ်တေးမျိုးစုံကိုလည်း ပြုလုပ်သုံးဆောင်ကြပါတယ်။ ဒီလို အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့ Tequila မှာ ကွီးတို့ကို OMG လို့ ဖြစ်သွားစေမဲ့ အစွမ်း သတ္တိနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာရော ယုံပါသလား။ ဒါဆိုရင်တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ။

ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်

Tequila အစွမ်း

Photo : Healthy Man

ကွီးတို့ရေ Tequila မှာ Agavins လို့ခေါ်တဲ့ သကြားတစ်မျိုးပါဝင်ပြီး ကိုယ်အလေးချိန်ကျစေသော ဂုဏ်သတ္တိအချို့ ပါပါတယ်။ Agavins ရဲ့ အထူးမော်လီကျူး ဖွဲ့စည်းပုံက သွေးတွင်းသကြားဓာတ်ကို မတိုးစေဘဲ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဆိုပါတယ်။

အစာခြေဖျက်ခြင်းကို ကူညီပေးပါတယ်

တက်ကီလာ

Photo : Altus Emergency Center

Tequila က ကျွန်တော်တို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးသောကြောင့် ၎င်းက အစာခြေခြင်းကို ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံများရဲ့ ပွဲအခမ်းအနားတချို့မှာ အစာမစားမီနဲ့ စားပြီးနောက် အစာခြေဖျက်ခြင်းကို ကူညီနိုင်ရန် Tequila တစ်ခွက်တည့်ခင်း ဧည့်ခံလေ့ရှိပါတယ်။

Probiotic ကိုကူညီပေးနိုင်ပါတယ်

Tequila အစွမ်း

Photo : Insider

Probiotics ဆိုတာကတော့ ကျွန်တော်တို့ အူလမ်းကြောင်းတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျန်းမာသော ဘတ်တီးရီးယားများ ဖြစ်ပါတယ်။ ၎င်းတို့က ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်အတွက် အဓိကလုပ်ဆောင်ပြီး ခန္ဓာကိုယ်တွင်း ကျန်းမာသော ဟန်ချက်ညီမှုကို ထိန်းသိမ်ပေးပါတယ်။ Tequila မှရရှိသော Fructans က ထိုကောင်းသော Probiotic ဘတ်တီးရီးယားများ ရှင်သန်ကြီးထွားရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

Tequila

Photo : Orthopedic Center

Tequila ရဲ့ နောက်ထပ် အစွမ်း တစ်ခုကတော့ အရိုးပွရောဂါ အတွက် အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ လေ့လာမှုများအရ Tequila မှာပါဝင်တဲ့ Agavins က ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေပြီး အရိုးကျိုးလွယ်ခြင်း သို့မဟုတ် ကြွပ်ဆတ်ခြင်းများကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Tequila ရဲ့ အံ့အားသင့်စရာ ကျန်းမာရေးအတွက် ရရှိနိုင်တဲ့ အစွမ်း တွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် Tequila ကိုလည်း သင့်တင့်မျှတသော ပမာဏကိုသာ ချင့်ချိန်သောက်သုံးဖို့ သတိပြုသင့်ပါတယ်။

Source : Good Health Center

Featured Photo : EL Economista