ချဉ်ပြုံးပြုံး ချိုမြမြ လီမွန်သံပုရာအရသာနဲ့ ခေတ်ဟောင်း အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ Tequila Sour ကော့လ်တေး တစ်ခွက် အလွယ်ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Tequila Sour က Sour ကော့လ်တေး တွေထဲမှာတော့ လူကြိုက်များတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ၁၉၂၀ စတိုင် Sour ကော့လ်တေး ကို Margarita နဲ့ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ Boston Sour နဲ့ Classic Margarita ကို Bitter အနည်းငယ်ရောစပ်ထားတဲ့ ကော့လ်တေးပုံစံ ဖြစ်ပါတယ်။

Photo : A Couple Cooks

ပြောရရင် Refreshing ဖြစ်တဲ့ ကော့လ်တေးအရသာကိုမှ ခရင်မ်အရသာ အမြုပ်လေးတွေနဲ့ ပေါင်းစပ်ထားတဲ့ လှပတဲ့ ကော့လ်တေးတစ်ခွက်ပါ။ Tequila Sour ကော့လ်တေးကို Tequila ၊ Lime Juice ၊ Lemon Juice ၊ Agave Syrup သို့မဟုတ် Simple Syrup ၊ Angostura Bitters ၊ ကြက်ဥအကာ တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ Happy Hour Drink ၊ Dinner Party Drink နဲ့ နွေရာသီ ကော့လ်တေးတစ်ခွက်အဖြစ် အသောက်များပါတယ်။ အရမ်းမပြင်းပဲ ချိုချဉ်လန်းဆန်း အရသာရှိတဲ့အတွက် ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့ အဆင်ပြေပါတယ်။

Tequila Sour ကော့လ်တေး တစ်ခွက်အိမ်မှာ ကိုယ်တိုင်ဖျော်စပ်ဖို့ အရင်ဆုံး Tequila ၂ အောင်စ ၊ Lime Juice အောင်စဝက် ၊ Lemon Juice ၁ အောင်စ ၊ Agave Syrup သို့မဟုတ် Simple Syrup စားပွဲတင်ဇွန်း ၂ ဇွန်း ၊ Angostura Bitters ၂ စက်ခန့် နဲ့ ကြက်ဥအကာ တို့ကို ကော့လ်တေး Shaker ထဲမှာ ရေခဲမပါပဲ ၁၅ စက္ကန့်လောက် သမအောင်ရှိတ်ပေးပါ။

Photo : A Couple Cooks

ပြီးတဲ့နောက်မှာ ရေခဲအနည်းငယ်ရောထည့်ပြီး စက္ကန့် ၃၀ လောက် ထပ်မံရှိတ်ပေးရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကော့လ်တေးရဲ့အပေါ်မှာ အမြုပ်လေးတွေ တင်ကျန်နေအောင် ဖန်ခွက်ထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ သံပုရာခြမ်း ၊ ချယ်ရီသီလေးတွေနဲ့ အလှဆင်ပြီး ခေတ် ဟောင်း အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ လီမွန်သံပုရာ အရသာ ချိုချဉ်လန်းဆန်း Tequila Sour ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Featured Photo : Delish.com