ကော့တေးလ် အမျိုးအစားများစွာရှိတဲ့အထဲမှာ ဝီစကီ Whiskey ကော့တေးလ် ၊ ရမ် ကော့တေးလ်တွေနဲ့ အတူ Tequila ကော့တေးလ် တွေကလည်း လူကြိုက်များပါတယ်။ Tequila ကော့တေးလ် လို့ပြောလိုက်ရင် အများစုကတော့ Margarita ၊ Paloma တို့လို Classic Tequila ကော့တေးလ်တွေကို အရင်ဆုံးပြေးမြင် မိကြပါလိမ့်မယ်။ ဒါပေမယ့် Margarita ၊ Paloma တို့အပြင် တခြားသော အရသာဆန်းသစ်တဲ့ Tequila ကော့တေးလ်တွေ များစွာလည်း ရှိပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ Tequila ကြိုက်သူတွေ အနည်းဆုံး တစ်ခေါက်လောက် Try ကြည့်သင့်တဲ့ အကောင်းဆုံး Tequila ကော့တေးလ် ၆ မျိုးကို မျှဝေပေးချင်ပါတယ်။

(၁) Tequila Sour

Photo : A Couple Cooks

Tequila Sour ဟာ Whiskey Sour လိုပဲနာမည်ကြီး လူကြိုက်များတဲ့ ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်တွေမှာ Classic Tequila ကော့တေးလ် Margarita ကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လည်ဆန်းသစ်ပြီး ဖျော်စပ်ထားတာ ဖြစ်ပါတယ်။ ကော့တေးလ်ရဲ့ အပေါ်ယံမှာ အဖြူရောင် အမြုပ်လေးတွေနဲ့ တကယ့်ကို လန်းဆန်းသွားစေမယ့် ချိုချဉ်ပြင်း ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Tequila Sour ကို နှစ် သက်ရာ Tequila အမျိုးအစား ၊ Lemon Juice ၊ Lime Juice ၊ Simple Syrup ၊ Bitters ၊ ကြက်ဥအကာတို့နဲ့ အဓိက ဖျော်စပ်ပါတယ်။

(၂) Ranch Water (Tequila Highball)

Photo : A Couple Cooks

Ranch Water (Tequila Highball) ကတော့ နွေရာသီအတွက် အလွန်လိုက်ဖက်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Tequila ၊ Lemon Juice ၊ Topo Chico သို့မဟုတ် Mineral Water စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ပြီး သံပုရာသီး အနံ့လေးခပ်သင်းသင်းမွှေးတဲ့ ချဉ်ပြုံးပြုံး ရှတတ အရသာ Tequila ကော့တေးလ် ဖြစ်ပါတယ်။

(၃) Mexican Mule

Photo : A Couple Cooks

Mexican Mule ကတော့ Tequila ကော့တေးလ် တွေထဲမှာ နာမည်အကြီးဆုံးဖြစ်ပြီး အရသာ ခပ်ခပ်ပြင်းပြင်း ကြိုက်သူတွေ ရွေးချယ်သင့်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ Mexican Mule ကော့လ်တေးဟာ ၁၉၄၀ ပြည့်နှစ်တွေလောက်က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြင်းရှရှ စွဲမက်စရာ အရသာကြောင့် လူကြိုက်များတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်လာခဲ့ပါတယ်။ Mexican Mule ကော့လ်တေးကို Tequila ၊ Lemon Juice ၊ Gginger Beer တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။

(၄) Tequila Sunrise

Photo : A Couple Cooks

Tequila Sunrise ကော့လ်တေးဟာ နေဝင်ဆည်းဆာအလှကို အနီးကပ်ကြည့်ရသလို ခံစားရစေမယ့် အရောင်အသွေးစုံတဲ့ ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။ လန်းဆန်းချိုမြိန်တဲ့အရသာနဲ့ ပြင်ဆင်ဖျော်စပ်ရတာလည်း အရမ်းကိုလွယ်ကူပါတယ်။ Tequila Sunrise ကော့လ်တေးကို Tequila ၊ Orange Juice ၊ Grenadine စတဲ့ ပါဝင်ပစ္စည်းများ ၃ မျိုးတည်းနဲ့သာ အဓိကဖျော်စပ်တာ ဖြစ်ပါတယ်။

(၅) Bloody Maria

Photo : A Couple Cooks

Bloody Maria ကိုတော့ Vodka ကော့လ်တေးလို့ လူသိများပေမယ့် Tequila နဲ့လည်း ဖျော်စပ်လေ့ ရှိကြပါတယ်။ Bloody Maria ကော့လ်တေးဟာ ခပ်ပြင်းရှရှနဲ့ အစပ်အရသာလေး ခံစားရမှာဖြစ်ပြီး သောက်နေကြ ကော့လ်တေးပုံစံတွေထဲက ကွဲထွက်နေတဲ့ မက္ကဆီကန်စတိုင် Classic ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Tequila ၊ Lemon ၊ Tomato Juice ၊ Horseradish ၊ Tabasco Worcestershire ၊ Celery Salt တို့နဲ့ အဓိကဖျော်စပ် ထားပါတယ်။

(၆) Siesta

Photo : A Couple Cooks

Siesta ကော့လ်တေးကတော့ Tequila ၊ Campari နဲ့ လတ်ဆတ်တဲ့ Citrus Juice တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့အတွက် အရသာအထူးကောင်းမွန်ပြီး လန်းဆန်းတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားရစေမယ့် ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Siesta ကော့လ်တေးဟာ အမျိုး သားတွေရော အမျိုးသမီးတွေပါ သောက်နိုင်မယ့် အသီးရနံ့လေးစွတ်တဲ့ ချိုပြင်းရှကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Siesta ကော့လ်တေး ကိုတော့ Tequila ၊ Campari ၊ Grapefruit Juice ၊ Lime Juice တို့နဲ့ အဓိကဖျော်စပ်ပါတယ်။

Featured Photo : The Nosey Chef