သင့်ရဲ့ ပထမဆုံးဒိတ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်ခါမှ မဆုံတွေ့ဖူးတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တွေ့ရမယ်ဆိုကတည်းက တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေပါပြီ။ ဒိတ်လုပ်တဲ့အချိန်မှာ ပြုလုပ်ရမယ့် အရာတွေအများကြီးရှိနေပေမယ့်လည်း ဆုံးဖြတ်ချက်ချဖို့အတွက်တော့ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို ချီတုံချတုံဖြစ်တတ်ကြပါတယ်။ အမျိုးသားတိုင်း ပထမဆုံးဒိတ်မှာ ခေါင်းခြောက်ရတဲ့ ကြောက်မက်ဖွယ် ဆုံးဖြတ်ချက် ၃ ခုရှိပြီး အဲဒီ ၃ ခု အဆင်ပြေရင်တော့ ပထမဆုံးဒိတ်ကအပြန်မှာ ရှေ့ဆက်ရန်ရှိသေးသည်ဆိုတဲ့ စာတမ်းလေးကို မြင်တွေ့ရဖို့ သေချာသလောက်ရှိနေပါပြီ။

၁။ ဆံပင်ပြေးညှပ်ရင် ကောင်းမလား

a couple date in a restaurant

Photo: Unsplash

တွေ့ရမယ့် အချိန်ကို လက်ချိုးရေရင်း ဆံပင်ညှပ်ချင်ပေမယ့် ဆံပင်ညှပ်ဖို့အတွက် နောက်ကျနေပြီလားလို့ လျှောက်တွေးနေရင် အချိန်တွေ ပုပ်ပါတယ်။ ချက်ချင်း ပြေးသာညှပ်လိုက်ပါ။ ဆံပင်ညှပ်ညှပ်ပြီးချင်း သင့်ရဲ့ပုံစံကို မြင်တွေ့လိုက်တာနဲ့ သင်နဲ့ ဒိတ်လုပ်မယ့် မိန်းမလှလေးက သပ်ရပ်ချောမောတဲ့လူတစ်ယောက်အဖြစ် စိတ်ထဲမှာ ကြိတ်ပြီး အသိအမှတ်ပြုသွားမှာပါ။

၂။ မုတ်ဆိတ်ကျင်စွယ်တွေကို ရိတ်ရင်ကောင်းမလား

Couple walking in the snow

Photo: Unsplash

အချိန်ဖြုန်းဖို့ ၂ နာရီလောက် အချိန်ရဦးမယ်ဆိုရင် ကိုယ့်ကိုကိုယ် မှန်ရှေ့ရပ်ပြီး ကြည့်လိုက်ရင် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးတွေကို ရိတ်သင့်လားဆိုတာ သိရမှာပါ။ သင်က မုတ်ဆိတ်ကို အလွန်နှစ်သက်တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုရင် ပထမဆုံးဒိတ်မှာ သန့်ရှင်းပြီး ရှင်းလင်းတဲ့မျက်နှာနဲ့ သွားတွေ့သင့်ပါတယ်။ ပထမဆုံးဒိတ်ဟာ သာမန်မဟုတ်တဲ့ ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ အစပိုင်းဖြစ်ပြီး သင့်အနေနဲ့ သူမ ကြိုက်၊ မကြိုက် မသိတာတောင် ကြိုရိတ်သွားတဲ့အတွက် သူမကို အလေးထားကြောင်း ပြသရာလည်း ရောက်မှာပါ။

၃။ ဘယ်လိုရေမွှေးအမျိုးအစား ဆွတ်ရမလဲ

Couple smiling

Photo: Unsplash

ဒိတ်လုပ်တဲ့အချိန်မှာ အမွှေးရနံ့က မယုံနိုင်စရာ အင်အားကောင်းတဲ့ စိတ်ခံစားမှုမျိုးကို လှုံ့ဆော်ပေးနိုင်ပေမယ့် စစ်မှန်တဲ့ အမွှေးရနံ့ကို ရွေးချယ်နိုင်မှသာ သင်က ဘယ်လိုလူမျိုးလဲဆိုတာကို တခြားလူတွေက နားလည်မှာပါ။ ညဘက်ခင်း ဒိတ်ဟာ ရေမွှေးအသစ် ရွေးချယ်ရမယ့် ညမဟုတ်သလို ရေမွှေးမဆွတ်ဘဲ သွားရမယ့်အချိန်ကာလလည်း မဟုတ်ပါဘူး။ သင့်အနေနဲ့ ကိုယ်တိုင် ကြိုက်နှစ်သက်ပြီး နေ့ရော ညပါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမယ့် ရိုးရှင်းတဲ့ ရေမွှေးရနံ့ကို ရွေးချယ်သင့်ပါတယ်။

တစ်ခုသတိထားရမှာကတော့ ရေမွှေးနံ့က သင့်ရဲ့ကိုယ်နံ့နဲ့ ပေါင်းပြီး ကိုယ်ပိုင်ရနံ့မျိုး ရရှိစေဖို့နဲ့ ရေမွှေးပုလင်းမှောက်လာတာလားလို့ အပြောမခံရအောင် အိမ်က မထွက်မီ ၄၅ မိနစ်ဝန်းကျင်လောက်ကတည်းက ရေမွှေးကို အများကြီးမဟုတ်ဘဲ ခပ်ဖွဖွဖိနှိပ်ပြီး အနည်းငယ် ဆွတ်ထားသင့်ပါတယ်။ တကယ်လို့ သင်က ရေမွှေးကို ခရေဇီဖြစ်သူ မဟုတ်ဘဲ ရနံ့ရွေးချယ်ရခက်နေမယ်ဆိုရင် အမျိုးသားအများစု သဘောကျ နှစ်ခြိုက်ကြတဲ့ Hugo BOSS ကို ဆွတ်ဖို့ အကြံပြုချင်ပါတယ်။

Featured Image Photo: Unsplash