တစ်ပတ်တာလုံးအတွက် နောက်ဆုံးရက်ကို ရောက်ရှိလာတော့မယ်ဆိုတော့ ကွီးတို့လည်း ဘော်ဒါတွေနဲ့အတူတူ TGIF ပါတီလေး ကျင်းပချင်ကြမှာပါပဲ။ ဘော်ဒါတွေ ဆုံလာလို့ TGIF ပါတီ ကျင်းပဖြစ်မယ်ဆိုရင်တော့ ပါတီနဲ့ အလိုက်ဖက်ဆုံး အယ်လ်ကိုဟော ဖျော်ရည် (၃) မျိုးကိုသာ သတိရလိုက်ပါ။

Margarita

TGIF အယ်လ်ကိုဟော

Classic ဆန်တဲ့ Margarita ကတော့ TGIF ပါတီနဲ့ အလိုကဖက်တဲ့ အယ်လ်ကိုဟော တစ်မျိုးပြဖြစ်ပါတယ်။

Margarita ကို ကိုယ်တိုင် ဖော်စပ်ချင်တယ်ဆိုရင်တော့ လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငွေရောင် တကီလာ စားပွဲတင်ဇွန်း ၄ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ဖန်ခွက်ရဲ့ နှုတ်ခမ်းသားလေးကို သံပုရာသီးစိပ်ဖြင့် အလှဆင်လိုက်ပါ။ ထို့နောက် ဖန်ခွက် နှုတ်ခမ်းဝပေါ်မှာ ဆားအနည်းငယ် ဖြူးလိုက်ပါ။

ထို့နောက် ကော့တေးရှိတ်ကာထဲသို့ ရေခဲတုံး၊ လိမ္မော်ရည်၊ သံပုရာရည်နှင့် တကီလာတို့ထည့်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

ထို့နောက် ဖန်ခွက်ထဲသို့ ဆားကို မပဲ့စေဘဲ အသာအယာလေး လောင်းထည့်လိုက်ပါ။ ထို့နောက် မိမိစိတ်ကြိုက်အလှဆင်ရာ ဇိမ်ကျကျ သောက်သုံးနိုင်ပါပြီ။

Kahlua Cold Brew

TGIF အယ်လ်ကိုဟော

ဒီဖျော်ရည်လေး ဖော်စပ်မယ်ဆိုရင်တော့ Kahlúa လို့ခေါ်တဲ့ အယ်လ်ကိုဟောကော်ဖီတစ်မျိုး၊ နှပ်ထားပြီးသား ကော်ဖီအေးတို့ လိုအပ်ပါလိမ့်မယ်။ Kahlúa တစ်ဆ၊ ကော်ဖီအေး သုံးဆတို့လိုအပ်ပါမယ်။

ဖန်ခွက်ထဲတွင် ပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ရောပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ပူရှိန်းရွက်လေးထည့်ကာ အလှဆင်ပေးလို့လည်းရပါသေးတယ်။

Sidecar

sidecar

ဒီဖျော်ရည်လေးကတော့ Sidecar လို့ အမည်ရတဲ့ ဖျော်ရည်လေးပဲဖြစ်ပါတယ်။ ဒီဖျော်ရည် ဖျော်ဖို့အတွက် Cognac ဘရန်ဒီ (သို့မဟုတ် မိမိနှစ်သက်ရာ ဘရန်ဒီတစ်မျိုး) စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲတို့ လိုအပ်ပါလိမ့်မယ်။

ကော့တေးရှိတ်ကာထဲသို့ ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းထည့်ကာ ရေခဲထည့်ပြီး သမအောင် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်ကာ လှလှပပအလှဆင်ပြီး သောက်သုံးနိုင်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့လည်း TGIF ပါတီနဲ့ လိုက်ဖက်တဲ့ အယ်လ်ကိုဟော ဖျော်ရည်များကို သိသွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။

Source: Boozy

Featured Image: Mashed