ပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့ ကြုံတွေနေရတဲ့ ထိုင်းဘုရင် မဟာဝိဇယာလောင်ကွန်းရဲ့ ကိုယ်ရံတော်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် ဘုရင်ကြီးကို မနက် ၂ နာရီကြီးမှာ ဆေးရုံကို တိတ်တဆိတ်ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

Photo: The Sun

အသက် ၆၈ နှစ်ရှိပြီ ဖြစ်တဲ့ ဘုရင်ကြီးကို ဗုဒ္ဓဟူးနေ့ မနက်အစောကြီးမှာ ရောဂါကုသဖို့ ဘန်ကောက်ဆေးရုံကို တင်ထားတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဂျာမန်သတင်းစာ Bild ရဲ့ အစီရင်ခံစာအရ မကြာသေးခင်က ထိုင်းကို ပြန်ရောက်လာပြီးနောက် ထိုင်းဘုရင်ကြီးရဲ့ ကိုယ်ရံတော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး ဘုရင်ကြီး ကျန်းမာရေး ကောင်းမကောင်းဆိုတာကတော့ အတည်ပြုသတင်းတွေ ထွက်မလာသေးပါဘူး။ ဘုရင်ကြီးကို ကုသမှုပေးနေတဲ့ ဆေးရုံဝန်ထမ်းတွေကိုလည်း ဘုရင့်ကျန်းမာရေးအကြောင်း မပြောဖို့ နှုတ်ပိတ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဘုရင်ဟာ သူ့ဖခမည်းတော် ဘူမိဘော နတ်ရွာစံခြင်း ၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မကြာခင်ကပဲ ထိုင်းကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။


Photo: The Sun

ဘုရင်ဝိဇယာလောင်ကွန်းကို ပလေးဘွိုင်းဘုရင်ကြီးအဖြစ်လည်း သတင်းကြီးပါတယ်။ ထိုင်းနိုင်ငံ ပြင်ပမှာပဲ ကလေးဘဝကို ကုန်ဆုံးစေခဲ့တဲ့သူဟာ မိန်းမမှုပွေတဲ့ ကိစ္စများ ၊ လောင်းကစားခြင်း ၊ တရားမဝင်စီးပွားရေး လုပ်ဆောင်ခြင်းနဲ့ သရုပ်ပျက်ဝတ်စားခြင်းတွေကြောင့် နှာခေါင်းရှုံ့ခြင်း ခံနေရပါတယ်။ အိမ်ထောင်ဆက် လေးဆက်ရှိခဲ့ပြီး အလုပ်အကျွေးရံရွေ‌တော် ၂၀ ထားတဲ့ဘုရင်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ကြွယ်ဝမှုအနေနဲ့ ဒေါ်လာ ၄၃ ဘီလျံအထိ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှာ ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေပါတယ်။