ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့စနေနေ့မှာ နူးကမ့်ကို ပြန်လည်ခြေချခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ လာလီဂါဆုဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် နူးကမ့်မှာ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ပွဲစဉ်မှာ ပြောစရာ အနည်းငယ်သာ ရှိခဲ့ပြီး ယခုရာသီမှာ နူးကမ့်ကို ဆွာရက်ဇ် ပထမဆုံးအကြိမ် ပြန်လာတာဆိုတဲ့ကိစ္စထက် ပြောစရာပိုပြီး မရှိခဲ့တာဖြစ်ပါတယ်။

what-gerard-pique-said-to-luis-suarez-during-barca-vs-atletico

Photo: sportbible

ဆွာရက်ဇ်ဟာ ၎င်းရဲ့မျိုးဆက်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း အေဂျက်အသင်းအတွက် ကစားပေးခဲ့တဲ့အချိန်ကတည်းက ပြိုင်ဘက်ကို ဆွပေးခြင်းနဲ့ ဒိုင်ဗင်ထိုးခြင်းကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ စနေနေ့က ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဆွာရက်ဇ်ဟာ အသင်းဖော်ဟောင်း ပီကေးရဲ့ လူကပ်ကစားခြင်းကို ခံခဲ့ရပြီး ပွဲစဉ်တလျှောက်လုံး ၎င်းတို့ ၂ ဦးဟာ တစ်ဦးနဲ့တစ်ဦး အနိုင်ယူဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

အဓိက ပြောစရာအချက်ကတော့ ပထမပိုင်းမှာ လူးဝစ္စ ဆွာရက်ဇ်က ပင်နယ်တီ ဧရိယာထဲမှာ အလွယ်တကူနဲ့ ပစ်လဲကျသွားခဲ့တဲ့အချိန်မှာ ဖြစ်ပါတယ်။ ဂျရတ် ပီကေးက အကြောင်းသိ အသင်းဖော်ဟောင်း ဆွာရက်ဇ်ရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ပြီး လှမ်းအော်နေခဲ့တာကို ကွင်းထဲက မိုက်ခရိုဖုန်းက အသံဖမ်းမိခဲ့တာဖြစ်ပါတယ်။

pique-accused-of-calling-suarez-fat

Photo: footballtransfers

“တော်လောက်ပြီ ဖက်တီး။ မင်း တကယ်လဲကျတာ မဖြစ်နိုင်ဘူး။ တော်လောက်ပြီ”လို့ အော်ဟစ်ခဲ့ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းမှာ လူးဝစ္စ ဆွာရက်ဇ် ကစားခဲ့တဲ့အချိန်တုန်းက အဝတ်လဲခန်းအတွင်းက ၎င်းရဲ့ နာမည်ပြောင်ဟာ ဖက်တီးဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဂိုးသမား တာစတီဂျန်ကလည်း လူးဝစ္စ ဆွာရက်ဇ်ရဲ့ မူရာမာယာများတဲ့အကျင့်ကို သိတာကြောင့် “ဟေး လူးဝစ္စ။ ဒီလိုမျိုး မလုပ်ပါနဲ့”လို့ အော်ဟစ်ခဲ့တာကို ကြားခဲ့ရပါတယ်။