ချမ်းအေးတဲ့ရာသီဥတုမှာ ဖက်ရှင်ကျကျ ရှိုးထုတ်နိုင်ဖို့အတွက် ဂျက်ကတ်အင်္ကျီများ၊ သားရေဂျက်ကတ်များ၊ ကုတ်အင်္ကျီအရှည်များ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ချမ်းအေးတဲ့နေရာဒေသများဆီ အလည်ထွက်တဲ့အခါ (သို့) နိုင်ငံခြားခရီးသွားရတဲ့အခါ အခုဖော်ပြမယ့်ကုတ်အင်္ကျီအမျိုးအစားများကတော့ မရှိမဖြစ်ပါပဲ။ ဘယ်လိုကုတ်အင်္ကျီအမျိုးအစားတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားတဲ့ဖက်ရှင်ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

Parka ဂျက်ကတ်

jacket fashion for men jacket fashion for men

ဒီဂျက်ကတ်ကတော့ ၁၉၅၀ ခုနှစ်မှာ စတင်ခေတ်စားလာတဲ့ ဂျက်ကတ်အမျိုးအစားတစ်ခုပါ။ ဂျက်ကတ်ရဲ့ကော်လံနေရာကို အမွေးပွများနှင့် ချုပ်လုပ်ထားတာပါ။

Down ဂျက်ကတ်

jacket fashion for men jacket fashion for men

ဒီအနွေးထည်ကတော့ ချမ်းအေးတဲ့ရာသီမှာ ငှက်ကလေးများ သူတို့ရဲ့အမွေးများကို ဖောင်းလာအောင် ပြုလုပ်ကာ ခန္ဓာကိုယ်ကို နွေးထွေးလာအောင် ပြုလုပ်တဲ့ သဘာဝနည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။

ကုတ်အင်္ကျီအရှည်

jacket fashion for men jacket fashion for men

ကိုရီးယားမင်းသားတွေလိုမျိုးဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဒီကုတ်အင်္ကျီအရှည်ကို ဝယ်ထားသင့်ပါတယ်။

Duffle ကုတ်အင်္ကျီ

jacket fashion for men jacket fashion for men

အင်္ကျီကြယ်သီးကွင်များကို ခပ်ဆန်းဆန်းနဲ့ ဒီဇိုင်းအမိုက်စားထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဖက်ရှင်ချစ်သူများအတွက် ကွက်တိပါပဲ။

အကွက်ဒီဇိုင်း ကုတ်အင်္ကျီ

jacket fashion for men jacket fashion for men

ချည်ထည်အင်္ကျီအကွက်များကို ဝတ်ရတာ အားမရသေးဘူးဆိုရင်တော့ ဒီလိုကုတ်အင်္ကျီနှင့်လည်း ရှိုးထုတ်နိုင်ပါသေးတယ်။

ဆောင်းရာသီကုတ်အင်္ကျီ

jacket fashion for men jacket fashion for men

အရှေ့ဇစ်နှင့် အိတ်ကပ်နှစ်ခုတို့ဖြင့် ချုပ်လုပ်ထားတဲ့ ကုတ်အင်္ကျီကလည်း ဖက်ရှင်ချစ်သူများရဲ့အာရုံကို ဖမ်းစားထားပါတယ်။

ကြိုးသိုင်း ကုတ်အင်္ကျီ

jacket fashion for men jacket fashion for men

ဒီဖက်ရှင်သည်လည်း သင့်ကို နွေးထွေးမှုပေးနိုင်ရုံသာမကဘဲ ဖက်ရှင်ကျအောင် ကူညီပေးမှာ အမှန်ပါပဲ။

Trench ကုတ်

jacket fashion for men jacket fashion for men

ဒီကုတ်အမျိုးအစားကတော့ ၁၈၅၀ ခုနှစ်များတွင် စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ၁၉၀၁ ခုနှစ်အရောက်မှာတော့ Burberrry က ကုတ်ဒီဇိုင်းကို ပြန်လည်ဆန်းသစ်ကာ ထုတ်လုပ်ခဲ့ပါတယ်။ ထိုအချိန်ကျမှသာ လူကြိုက်များလာခဲ့တာပါ။

မိုးကာကုတ်အင်္ကျီ

jacket fashion for men jacket fashion for men

ပေါ့ပေါ့ပါးပါး လူငယ်ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

သုံးမျိုးစပ် ကုတ်အင်္ကျီ

jacket fashion for men jacket fashion for men jacket fashion for men

ဒီကုတ်အင်္ကျီကတော့ သားရေ၊ ဂျင်းနှင့် သိုးမွေးစတဲ့ အရာဝတ္ထုသုံးမျိုးကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ အကောင်းစား ကုတ်အင်္ကျီတစ်ထည်ဖြစ်ပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့အနွေးထည်ဖက်ရှင် (၁၀)မျိုးထဲမှာ ဘယ်ဖက်ရှင်ကို အကြိုက်နှစ်သက်ဆုံးလဲ။

Source: Fashionbeans.com