အီတလီသည် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လာလျှင် ပြင်သစ်နှင့်အပြိုင် နာမည်ကြီးပြီး ဒီဇိုင်နာဘရန်းများကလည်း အရည်အသွေးကောင်းမွန်ကာ ဆန်းသစ်သောထုတ်ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်တဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။

နာမည်ကြီး အီတလီဖက်ရှင်ဘရန်းများ အများအပြားရှိတဲ့အနက် ဖက်ရှင်ချစ်သူတိုင်း သိထားသင့်တဲ့ဖက်ရှင်ဘရန်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။

(၁) Gucci

famous Italian designer brands for men

Photo : Pinterest.com

၁၉၂၀ ခုနှစ်တွင် ပထမဦးဆုံးသော Gucci ဆိုင်ကို Guccio Gucci ဆိုသူက အီတလီနိုင်ငံ ဖလောရန့်စ်မြို့တွင် ဖွင့်လှစ်ခဲ့တာပါ။ စဖွင့်ကတည်းက အရည်အသွေးမြင့်မားတဲ့ သားရေပစ္စည်းများကြောင့် လူကြိုက်များလာပြီး အခုဆိုရင် Luxury ဖက်ရှင်ဘရန်းတစ်ခုအဖြစ် ရပ်တည်နေတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။

(၂) Bottega Veneta

famous Italian designer brands for men

Photo : Kingssleeve.com

Bettega Veneta ကိုတော့ ၁၉၆၆ ခုနှစ်တွင် Michele Taddei နဲ့ Renzo Zengiaro ဆိုသူက အီတလီနိုင်ငံ Vicenza မြို့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သားရေပစ္စည်းများနဲ့ ပတ်သက်လာလျှင် နာမည်ကြီးပါတယ်။

(၃) Ermenegildo Zegna

famous Italian designer brands for men

Photo : Pacemenscollection.ca

Ermenegildo Zegna တံဆိပ်ကတော့ အီတလီဖက်ရှင်ဘရန်းအားလုံးထဲမှာ သက်တမ်းအရင့်ဆုံးလို့ ပြောရပါမယ်။ Ermenegildo Zengna ဆိုသူက ၁၉၁၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့လို့ပဲဖြစ်ပါတယ်။

(၄) Versace

famous Italian designer brands for men

Photo : Shop19.shopsoutlet2021.ru

Versace သည်လည်း အီတလီ Luxury ဘရန်းထဲတွင် နာမည်ကြီးတစ်ခုဖြစ်ပြီး လက်ပတ်နာရီ၊ လက်ဝတ်ရတနာများ၊ ဖက်ရှင်အသုံးအဆောင်အမျိုးမျိုးတို့ကို တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ သူ့ကိုတော့ Gianni Versace S.r.I ဆိုသူက ၁၉၇၈ ခုနှစ်တွင် မီလန်မြို့၌ စတင်ထုတ်လုပ်ခဲ့ပါတယ်။

(၅) Prada

famous Italian designer brands for men

Photo : Out.com

Prada ကတော့ အားလုံးထဲတွင် တတိယသက်တမ်းအရင့်ဆုံးလို့ ဆိုရပါမယ်။ သူ့ကိုတော့ Mario Prada နဲ့ Martino Prada ညီအစ်ကိုနှစ်ယောက်က ၁၉၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

(၆) Brunello Cucinelli

famous Italian designer brands for men

Photo : Thepuristonline.com

Brunello Cucinelli သည်လည်း လက်ရာပိုင်းသေသပ်လှပပြီး ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ကောင်းနေအော် ဖန်တီးထားတဲ့အတွက်ကြောင့် လူငယ်လူရွယ်များ ကြိုက်နှစ်သက်ကြပါတယ်။

(၇) Giorgio Armani

famous Italian designer brands for men

Photo : Boutique.humbleandrich.com

ဒီဖက်ရှင်ဘရန်းကိုတော့ ၁၉၇၅ ခုနှစ်တွင် Giorgio Armani နှင့် Sergio Galeotti တို့က တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့မီလန်မြို့နဲ့ ပတ်သက်လာလျှင် သစ္စာရှိပြီး ထိုမြို့ကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့် ကမ်းလှမ်းခံရမှုတွေ ဘယ်လောက်များများ ရှိနေပါစေ ငြင်းပယ်ခဲ့ပြီး ထိုမြို့ကို မစွန့်ခွာခဲ့ပါဘူး။

(၈) Moncler

famous Italian designer brands for men

Photo: Unomodels.com

Moncler သည် ယခုလောလောဆယ်မှာတော့ ဂျက်ကတ်များ၊ ကုတ်အင်္ကျီများနဲ့ ပိုမိုနာမည်ကြီးနေပေမယ့် သူတို့ရဲ့ပထမဆုံးထုတ်ကုတ်များကတော့ တောင်တက်သမားများအတွက် ရည်ရွယ်ထားတဲ့ ခရီးဆောင်အိပ်ရာများ၊ ရွက်ဖျင်တဲများ စသည်တို့ကို စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

(၉) Stone Island

famous Italian designer brands for men

Photo: Theguardian.com

Stone Island ကိုတော့ ၁၉၈၂ ခုနှစ်က Massimo Osti ဆိုသူက တည်ထောင်ခဲ့တာဖြစ်ပြီး ရောင်ပြန်ဂျက်ကတ်များ၊ အပူချိန်ပေါ် မူတည်ပြီး အရောင်ပြောင်းသွားတဲ့ ဂျက်ကတ်များ၊ နှစ်ဖက်လှ ဂျက်ကတ်များ စတဲ့ဖက်ရှင်အဝတ်အစားများနှင့် နာမည်ကြီးပြီး သူတို့အသုံးပြု တီထွင်ထားတဲ့ နည်းပညာကြောင့်လည်း သူတို့ရဲ့ထုတ်ကုန်များက အများနဲ့မတူဘဲ အမြဲတမ်းဆန်းသစ်နေတာဖြစ်ပါတယ်။

(၁၀) Fila

famous Italian designer brands for men

Photo: Pinterest.com

Fila ကတော့ ဒီဖက်ရှင်ဘရန်းတွေထဲမှာ ဒုတိယသက်တမ်းအရင့်ဆုံးလို့ ပြောရပါလိမ့်မယ်။ ၁၉၁၁ ခုနှစ်ကတည်းက Ettore Fila နဲ့ Giansevero Fila တို့က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အားကစားဖက်ရှင်လောကတွင် နာမည်ကြီးလူကြိုက်များတဲ့ အီတလီဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။

Source:   Nextluxury.com

Featured Image Source: Apetogentleman.com