တေးသီချင်းများက လူသားတွေရဲ့စိတ်ကို ပြောင်းလဲစေပါတယ်။ ဝမ်းနည်းနေချိန်မှာ မြူးမြူးကြွကြွ တေးသီချင်းများ နားထောင်လိုက်တဲ့အခါ ပြန်လည်ပျော်ရွှင်နိုင်ပြီး အလွမ်းအဆွေးသီချင်းမျိုးကို နားထောင်မိမယ်ဆိုရင်တော့ ရုတ်တရက်ကြီး အသည်းကွဲသလိုခံစားချက်မျိုး ခံစားရပါလိမ့်မယ်။

ကမ္ဘာပေါ်တွင် တေးသီချင်းအမျိုးအစား အမျိုးမျိုးရှိသည့်အနက် အခုဖော်ပြပေးမယ့် သီချင်းများကတော့ YouTube ပေါ်တွင် အများဆုံး နားဆင်ခံရသော သီချင်း (၁၀) ပုဒ်အကြောင်းပဲဖြစ်ပါတယ်။

(1) Despacito – Luis Fonsi Ft. Daddy Yankee

Justin Bieber သီဆိုထားတဲ့ ဗားရှင်းမျိုးမဟုတ်ဘဲ အော်ရယ်ဂျင်နယ်ဗားရှင်းဖြစ်တဲ့ Despacito က ကြည့်ရှုသူပေါင်း သန်း ၇၂၀၀ ခန့် ရှိလို့ နံပါတ် (၁) လူကြိုက်အများဆုံးလို့ ပြောလို့ရပါတယ်။

(2) Shape Of You – Ed Sheeran

ဒီသီချင်းကတော့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း သန်း ၅၂၀၀ ခန့်ရှိပါတယ်။

(3) See You Again – Wiz Khalifa Ft. Charlie Puth

ဒီသီချင်းကိုတော့ ကြည့်ရှုသူပေါင်း သန်း ၄၉၀၀ ခန့်ရှိပါတယ်။

(4) Uptown Funk – Mark Ronson Ft. Bruno Mars

ဒီသီချင်းကိုတော့ ကြည့်ရှုသူပေါင်း သန်း ၄၁၀၀ ခန့် ရှိပါတယ်။

(5) Gangnam Style – PSY

၂၀၁၂ ခုနှစ်တုန်းက အင်တန်လူကြိုက်များခဲ့တဲ့ Gangnam Style သီချင်းကိုဆိုသူ လူပေါင်း သန်း ၃၉၀၀ ခန့်က နားဆင်ခဲ့ကြပါတယ်။

(6) Sorry – Justin Bieber

ဒီသီချင်းကိုတော့ ကြည့်ရှုသူပေါင်း သန်း ၃၄၀၀ ခန့်က နားဆင်ခဲ့ကြပါတယ်။

(7) Sugar – Maroon 5

နံပါတ် (၇) နေရာမှာ ရပ်တည်နေတဲ့သီချင်းကတော့ လူပေါင်း သန်း ၃၄၀၀ ခန့်က ကြည့်ရှုခဲ့ကြပြီး JB ရဲ့ “Sorry” သီချင်းနဲ့ မတိမ်းမယိမ်းဘဲ ဖြစ်ပါတယ်။

(8) Roar – Katy Perry

ဒီသီချင်းကိုတော့ လူပေါင်း သန်း ၃၃၀၀ ခန့်က နားသောတဆင်ခဲ့ကြပါတယ်။

(9) Thinking Out Loud – Ed Sheeran

ဒီသီချင်းကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း သန်း ၃၂၀၀ ခန့်က နားဆင်ခဲ့ကြပါတယ်။

(10) Counting Stars – OneRepublic

ဒီသီချင်းလေးကတော့ လူပေါင်း သန်း ၃၂၀၀ ခန့်က နားဆင်ကြည့်ရှုခဲ့ကြပါတယ်။

ဒီသီချင်း (၁၀) ပုဒ်ထဲမှာ သင့်အကြိုက်ဆုံးသီချင်းက ဘယ်သီချင်းဖြစ်မလဲ။

Source: Happymag.tv