MCU (Marvel Cinematic Universe) ထဲမှာ အစွမ်းအထက်ဆုံး လက်နက်များကိုလေ့လာကြည့်ရအောင်။

၁၀. Yaka မြှား

Source: MCU – Fandom

Yaka မြှား ဟာ MCU ထဲမှာ Yondu Udonta ရဲ့ အစွမ်းအထက်ဆုံး လက်နက်တစ်ခုဖြစ်ပါတယ်။ Yaka မြှားဟာ အသုံလှိုင်းကြိမ်နှုန်းဖြင့် အသုံးပြုရတာဖြစ်ပြီး လိုသလို ရွေ့လျားနိုင်ပါတယ်။ Yondu သေပြီးနောက်ပိုင်း Yaka မြှား ကို Kraglin ကပိုင်ဆိုင်သွားခဲ့ပါတယ်။

၉. စူပါဗီလိန်ကြီး Corvus Glaive ရဲ့ဓား

Source: Amino Apps

Corvus Glaive ရဲ့ဓားဟာ အစွမ်းအရမ်းထက်ပြီး အက်တမ် အမှုန်လေးတွေကိုတောင် ခုတ်ခြမ်းနိုင်စွမ်းရှိပါတယ်။ Thanos ဟာအဲ့ဒီဓားကို Avengers Infinity War ဇာတ်ကားထဲမှာ Heimadall ကိုသတ်ဖို့အတွက် အသုံးပြုခဲ့ပါသေးတယ်။ စိတ်ဝင်စားစရာအချက်ကတော့ Corvus ကိုသူ့ရဲ့ ဓားနဲ့ပဲ သတ်နိုင်ပါတယ်။

၈. E.D.I.T.H

Source: Pinterest

E.D.I.T.H ကို Tony Stark ကတီထွင်ခဲ့ပြီး အသုံးပြုသူဟာ Star စက်ရုံတွေနဲ့ဂြိုလ်တုတွေ အလားလုံးကို အမိန့်ပေးစေခိုင်းနှိုင်စွမ်းရှိပါတယ်။ ပြီးတော့ Star ရဲ့ ကွန်ရက်တွေအားလုံးကို အသုံးပြုခွင့်ရှိပြီး ဒရုန်းထောင်ပေါင်းများစွာကိုလည်း ထိန်းချုပ်အမိန်ပေးနိုင်စွမ်းရှိပါတယ်။ Spider Man – Far From Home ဇာတ်ကားထဲမှာ E.D.I.T.H ရဲ့အစွမ်းကို ပရိသတ်တွေ မြင်ဖူးခဲ့ကြပြီးပါပြီ။

၇. Cloak of Levitation

Source: GeekTyrant

မှော်ဝတ်စရုံဖြစ်ပြီး အသုံးပြုသူကို လေပေါ်ပျံနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီဝတ်ရုံဟာ အစွမ်းအထက်ဆုံးဆိုတဲ့ မှော်ဆရာကို သာရွေးချယ်လေ့ရှိတယ်။ ဒါကြောင့်လည်း Doctor Strange ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

၆. Mjolnir

Source: Tech Trick Tips – Blogger

Mjolnir ဟာ MCU ထဲမှာ စွမ်းအားအပြင်းဆုံး လက်နက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Mjolnir လက်နက်ကို ထိုက်တန်တဲ့လူကသာ ကိုင်ဆောင်နိုင်စွမ်းရှိပါတယ်။

၅. Captain America ရဲ့ ဒိုင်းကာ

Source: Times Knowledge

Captain America ရဲ့ ဒိုင်းကာ ကို Tony Star ရဲ့ဖခင် Howard Stark က ဗိုင်ဘရေနီယံ သတ္တုဖြင့် ဖန်တီးပြုလုပ်ခဲ့တာပါ။ Thor ရဲ့တူ တိုက်ခိုက်တာကိုတောင် ခံနိုင်ရည်စွမ်းရှိပါတယ်။ ဒါပေမယ့် Thanos ရဲ့ ဓားသွားအောက်မှာတော့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရပါတယ်။

၄. Double-Edged ဓား (နှစ်ဖက်ချွန်ဓား)

Source: BFJ cosmart

Thanos ဟာ ဒီဓားကို အနီးကပ် တိုက်ပွဲဝင်တဲ့အချိန်မှာ အသုံးပြုလေ့ရှိပြီး တစ်ခါတစ်လေ အဝေးကို ပစ်ခတ်တိုက်ခိုက်တက်ပါတယ်။ ဒီဓားကို ထူးကဲတဲ့ သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။ ဒါကြောင့်လည်း Mjolnir နဲ့ Stormbraker တို့ကနေ တပြိုင်တည်း ပစ်လွှတ်လိုက်တဲ့ ရောင်ခြည်တန်းတွေကို စုပ်ယူနိုင်စွမ်းရှိနေတာပါ။

၃. Mark LXXXV ဝတ်စုံ

Source: Science Fiction & Fantasy Stack Exchange

Mark LXXXV ဝတ်စုံ ဟာ Irom Man ရဲ့ အဆင့်အမြင့်ဆုံး ဝတ်စုံလို့ ပြောလို့ရပါတယ်။ ဒီဝတ်စုံကြောင့် Tony ဟာ အစွမ်းအထက်ဆုံးဆိုတဲ့ Infinity Stones တွေကို ကိုင်နိုင်စွမ်းရှိခဲ့တာပါ။

၂. Stormbreaker

Source: Pinterest

Stormbraker ဟာ Thor ရဲ့စွမ်းအားပြင်း လက်နက်တခုဖြစ်ပါတယ်။ တချို့တွေကတော့ Stormbraker ဟာ Infinity Stones တွေကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားကြပါတယ်။

၁. The Infinity Stones & Gauntlet

Source: Reddit

Doctor Strange နဲ့ Thanos တို့နှစ်ယောက်စလုံးဟာ Infinity Stones တွေကို ရည်မှန်းချက်အောင်မြင်အောင် အသုံးပြုခဲ့ကြပါတယ်။ Infinity Stones တလုံးချင်းစီမှာ သူ့အစွမ်းနဲ့သူရှိပြီးတော့ အားလုံးပေါင်းစည်းလိုက်ရင်တော့ ပြိုင်ဖက်ကင်းတဲ့ လက်နက်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Infinity Stones နဲ့ Gauntlet ပေါင်းထားခြင်းက MCU မှာ စွမ်းအားအကြီးဆုံး လက်နက်ဖြစ်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။