ချမ်းသာကြွယ်ဝဖို့ရန်အတွက် ကံ၊ ဉာဏ်၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူမှုအဆက်အသွယ်ကောင်းကောင်း ရှိထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းချဲ့ထွင်ဖို့ အဆက်အသွယ်ကောင်းတွေရမှာပါ။
စီးပွားရေး လုပ်တဲ့အခါမှာလည်း လူအများပြုလုပ်နေကျ စီးပွားရေးထက်စာရင် ဘယ်သူတစ်ဦးတစ်ယောက်မှ မလုပ်ဖူးတဲ့စီးပွားရေးများကို အစပျိုးကာ စွန့်ဦးတီထွင်လုပ်ဆောင်ပါက ပိုမိုအောင်မြင်နိုင်ချေများပါတယ်။ ဒါပေမဲ့ စွန့်ဦးတီထွင်မှုသည် စွန့်စားလိုတဲ့စိတ်ဓာတ် အပြည့်အဝရှိဖို့လည်း လိုအပ်ပါတယ်။ မိမိဆုံးရှုံးမှုကို တွေးကြောက်နေမယ်ဆိုရင်တော့ စွန့်ဦးတီထွင်ခြင်းကို မလုပ်ကိုင်တာ အကောင်းဆုံးပါပဲ။
အခုဆက်လက်ဖော်ပြပေးမှာကတော့ ကမ္ဘာ့အချမ်းသာဆုံး သန်းကြွယ်သူဌေး (၁၀) ယောက်အကြောင်းပဲဖြစ်ပါတယ်။ အချို့ကိုလည်း သင် သိပြီးသားဖြစ်ပါလမ့်မယ်။
(10) Mukesh Ambani
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှ အသက် ၆၃ နှစ်အရွယ်ရှိ သူဌေးတစ်ဦးဖြစ်ပြီး သူ့ရဲ့အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၈၄.၅ ဘီလီယံအထိ ရှိပါတယ်။
(9) Sergey Brin
Sergey ရဲ့အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၈၉ ဘီလီယံအထိဖြစ်ပြီး အလှူအတန်းရက်ရောသူတစ်ယောက်လည်းဖြစ်ပါတယ်။
(8) Larry Page
အသက် ၄၈ နှစ်အရွယ်ရှိ Larry Page ကတော့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၉၁.၅ ဘီလီယံအထိ ရှိပါတယ်။
(7) Larry Ellison
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Larry Ellison ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ၉၃ ဘီလီယံဖြစ်ပြီး သူသည်လည်း အလှူအတန်းများစွာကို ပြုလုပ်ပြီး အထူးသဖြင့် ဆေးသုတေသနနှင့် ကင်ဆာရောဂါ သုတေသနတို့အတွက် အထောက်အပံ့များစွာပေးအပ်ထားပါတယ်။
(8) Warren Buffett
အားလုံးသိပြီးသားဖြစ်တဲ့ Warren Buffett ကတော့ ကမ္ဘာ့အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ပြီး သူ့အသက်ကတော့ ၉၀ ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ၉၆ ဘီလီယံဒေါ်လာရှိပါတယ်။
(7) Mark Zuckerberg
အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Mark Zuckerberg ကတော့ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၉၇ ဘီလီယံရှိပါတယ်။
(6) Bill Gates
Bill Gates ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၁၂၄ ဘီလီယံဖြစ်ပြီး သူ့ရဲ့အသက်ကတော့ ၆၄ နှစ်ရှိပြီပဲဖြစ်ပါတယ်။
(3) Bernard Arnault
ကမ္ဘာပေါ်တွင် တတိယမြောက်အချမ်းသာဆုံးသူကတော့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်လူမျိုး Bernard Arnault ပဲဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုကတော့ ၁၅၀ ဘီလီယံဒေါ်လာရှိပါတယ်။
(2) Elon Musk
Tesla ရဲ့ Co-Founder လည်းဖြစ် CEO လည်းဖြစ်တဲ့ Elon Musk ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၁၅၁ ဘီလီယံရှိပြီး အသက် ၄၉ နှစ်ရှိပြီပဲဖြစ်ပါတယ်။
(1) Jeff Bezos
Amazon ရဲ့ Founder နဲ့ CEO ဖြစ်သူ Jeff Bezos ကတော့ အသက် ၅၇ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ၁၇၇ ဘီလီယံအထိရှိပါတယ်။
Source: Investopedia.com