မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းမှာ ပထမဆုံးကစားခဲ့တဲ့လမှာပဲ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး အထူးသီးသန့်ကစားသမားစာရင်းထဲမှာ ပါဝင်လာခဲ့ပြီလို့ Sportbible က ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်မှာ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ပြီးနောက် ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ပထမဆုံးလမှာ ယင်းဆုကို ရရှိခဲ့တဲ့ ပထမဆုံးကစားသမားမဟုတ်ဘဲ ၎င်းရဲ့အရင်ရရှိခဲ့တဲ့ ကစားသမားတွေလည်းရှိနေတာဖြစ်ပါတယ်။

Photo: bleacherreport

မန်ချက်စတာယူနိုက်တက်အသင်းအတွက် လီဗာပူးအသင်းဘက်ကို လှလှပပဂိုးကန်သွင်းပြီး အင်္ဂလန်မှာ ကောင်းမွန်တဲ့ကစားသမားဘဝကို စတင်ခဲ့တဲ့ အန်သိုနီမာရှယ်ကလည်း ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ထူးခြားတဲ့ခြေစွမ်းကို ပြသပြီး မာရှယ်ဂိုးသွင်းယူနိုင်အောင် လှလှပပဖန်တီးပေးပို့နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ ပထမဆုံးစတင်ကစားတဲ့လမှာပဲ တစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ကစားသမားအရေအတွက်ဟာ ဘရူနိုဖာနန်ဒက်စ်အပါအဝင် ၁၂ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့အရင် ဆုရရှိခဲ့တဲ့ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

တီမူးပူကီ (Photo: 90maat)

ဘရူနိုဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)- ဖေဖော်ဝါရီ ၂၀၂၀
တီမူးပူကီ (နောဝစ်စီးတီး) – သြဂုတ် ၂၀၁၉
အန်သိုနီမာရှယ် (မန်ချက်စတာယူနိုက်တက်) -စက်တင်ဘာ ၂၀၁၅
အန်ဒရီအာရူး (ဆွမ်ဆီးစီးတီး)- သြဂုတ် ၂၀၁၅
ဒီယေဂိုကော်စတာ (ချယ်ဆီး)- သြဂုတ် ၂၀၁၄
စတီဗင်ဖလက်ချာ (ဆန်းဒါးလန်း)- စက်တင်ဘာ ၂၀၁၂
ဒါရင်းဘန့် (ချာလ်တန်)- သြဂုတ် ၂၀၀၅
တက်ဒီရှရင်ဂမ် (ပို့စ်မောက်)- သြဂုတ် ၂၀၀၃
ရော်ဘီကိန်း (ကိုဗင်ထရီစီးတီး)- သြဂုတ် ၁၉၉၉
ပက်ထရစ်ဘာဂါ (လီဗာပူး)- စက်တင်ဘာ ၁၉၉၆
ဒေးဗစ်ဂျီနိုလာ (နယူးကာဆယ်)- သြဂုတ် ၁၉၉၅
ယာဂင်ကလင်းစ်မန်း (တော့တင်ဟမ်ဟော့စပါး)- သြဂုတ် ၁၉၉၄