ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် ရေပန်းအစားဆုံး နေကာမျက်မှန်တံဆိပ် ၅ မျိုးရှိပါတယ်။ Persol ၊ Ray-Ban ၊ Tom Ford ၊ Tomahawk နှင့် Randolph တို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်တစ်လက် လိုချင်တယ်ဆိုရင်တော့ ဒီတံဆိပ်တွေထဲက ရွေးချယ်သင့်ပါတယ်။
အခုဆက်လက်ဖော်ပြပေးမှာကတော့ ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်အများဆုံးနဲ့ ရောင်းရအကောင်းဆုံး နေကာမျက်မှန်များကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
Randolph Aviator

သင့်အနေနဲ့ စတိုင်လည်း ကျချင်တယ် ဈေးနှုန်းအသင့်အတင့်ရှိတဲ့မျက်မှန်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီမျက်မှန်ကို ဝယ်ယူသင့်ပါတယ်။
Tom Ford Ace

ဇိမ်ခံ နေကာမျက်မှန်တစ်လက်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Tom Ford Ace က အကောင်းဆုံးပါပဲ။
Tomahawk Neuralyzers

ဒီနေကာမျက်မှန်ကတော့ ဒီဇိုင်းလည်းဆန်းပြီး မည်သည့်မျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။
Ray-Ban 2132 New Wayfarer

ဖက်ရှင်လည်း ကျရမယ် အကြမ်းလည်း ခံရမယိုရင်တော့ ဒီနေကာမျက်မှန်ကို ရွေးချယ်သင့်ပါတယ်။
Tom Ford Arnaud

Tom Ford Arnaud ကတော့ စတိုင်လ်အကျဆုံး နေကာမျက်မှန်တစ်လက်ပါ။
Tomahawk SeaPorts

ဒီမျက်မှန်ကတော့ နေပူထဲထွက်တဲ့အခါ မျက်စိအေးစေမယ့် နေကာမျက်မှန်တစ်လက်ပါပဲ။
Ray-Ban Aviator Classic

ကိုင်းအကောင်းစားနဲ့ ပေါ့ပါးတဲ့ နေကာမျက်မှန်မျိုး တပ်ဆင်ချင်တယ်ဆိုရင်တော့ ဒီနေကာမျက်မှန်လေးက အကောင်းဆုံးပါပဲ။
Ray-Ban Clubmaster Folding

ကားမောင်းသမားများနဲ့ အလိုက်ဖက်ဆုံး နေကာမျက်မှနကတော့ ဒီနေကာမျက်မှန်လေးပဲဖြစ်ပါတယ်။
Persol 2445S

နေကာမျက်မှန်အမဲရောင်က ရိုးလွန်းတယ်ထင်ရင်တော့ Persol 2445S ကို ရွေးချယ်အသုံးပြုလိုက်ပါ။
Oakley Holbrook

စကိတ်စီးရတာ ဝါသနာပါသူများအတွက်တော့ Oakley Holbrook က အသင့်တော်ဆုံးပါပဲ။
Oakley Half Jacket

ဒီနေကာမျက်မှန်သည်လည်းပဲ အားကစားသမားများအတွက် ရွေးချယ်သင့်တဲ့ မျက်မှန်တစ်လက်ပါ။
Ray-Ban Double-Bridge

ရှေးခေတ်က နေကာမျက်မှန်ဒီဇိုင်းလေးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီ Retro နေကာမျက်မှန်လေးက အကောင်းဆုံးပါပဲ။
Persol Original 3019S

ပေါ့ပေ့ါပါးပါးနဲ့ ဝတ်ရအဆင်ပြေတဲ့ နေကာမျက်မှန်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီနေကာမျက်မှန်လေးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Source: Luxe.digital
