စကားပြောကောင်းတဲ့လူတွေအတွက် အခွင့်အလမ်းကောင်းတွေက တပုံကြီးပါပဲ။ ဘယ်အလုပ်နဲ့ပဲ အသက်မွေးမွေး ပြောတတ်ဆိုတတ် ပေါင်းသင်းဆက်ဆံတတ်မှ လုပ်ငန်းခွင်မှာ အောင်မြင်မှုရမှာပါ။ စကားပြောကောင်းသူတွေဟာ ကိုယ့်အယူအဆကို တခြားသူတွေ နားလည်လက်ခံလိုက်နာအောင် ဆွဲဆောင်နိုင်သလို ကိုယ့်ရဲ့ တန်ဖိုးကို အမြင့်ဆုံးရောက်အောင် ဆွဲတင်နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် ဒီတစ်ခေါက် မျှဝေပေးချင်တာကို မှတ်မိလွယ်အောင် D သုံးလုံးလို့ ပေးလိုက်ပါတယ်။

(၁) အပြန်အလှန်ပြောခြင်း Dialogue

two businessmen having a meeting in the park

Photo: Unsplash

ပထမ D က နှစ်ဖက်ပြောကြတဲ့ Dialogue ဖြစ်ပါတယ်။ Dialogue ဆိုတာ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို နားဆင်ခြင်းတစ်မျိုးပါပဲ။ ကိုယ်ပြောချင်တာချည်း ဖိပြောနေတာမျိုး မဟုတ်ဘဲ တစ်ဖက်အသံကို မှန်ကန်စွာ နားဆင်တာမျိုးအတွက်ပါ တံခါးဖွင့်ခြင်းကို ဆိုလိုတာပါ။ Dialogue ထဲမှာ ဖွင့်ထားတဲ့စိတ်နဲ့ နားထောင်ပေးတာအပြင် နှစ်ဖက် နားလည်မှုဆီ ရောက်စေဖို့ မေးခွန်းထုတ်တာတွေလည်း ပါဝင်ပါတယ်။

(၂) ငြင်းခုန်ခြင်း Debate

Dialogue

Photo: Unsplash

ဒီ D က ရန်ဖြစ်တဲ့ ငြင်းခုန်မှုကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အယူအဆတစ်ရပ်ရပ်ကို သေချာစနစ်တကျ တင်ပြတာပဲ ဖြစ်ပါတယ်။ Debate လုပ်တယ်ဆိုတာ ပြိုင်ဘက်တစ်ယောက်ကို စကားနဲ့အလဲထိုးအနိုင်ယူဖို့ ဖြစ်ပါတယ်။ ဒါမျိုးက နေ့စဉ်စကားဝိုင်းမျိုးမှာ မသုံးသင့်ဘဲ စင်ပေါ်မှာ ဖြစ်ဖြစ် အများရှေ့မှောက်မှာ ဖြစ်ဖြစ် အယူအဆတစ်ခုခုနဲ့ ပတ်သက်ပြီး အမြင်မတူတဲ့ဘက်က ပြောကြဆိုကြရာမှာ သုံးလေ့ရှိပါတယ်။ Debate တွေက အနိုင်-အရှုံး စကားဝိုင်းတွေဖြစ်ပြီး များသောအားဖြင့် နိုင်ငံရေးလောကမှာ သုံးလေ့ရှိကြပါတယ်။

(၃) ဆွေးနွေးခြင်း Discussion

Working Together

Photo: Unsplash

ဆွေးနွေးမှုမှာ အနိုင်အရှုံးက အဓိက မဟုတ်တော့ပါဘူး။ ဆွေးနွေးခြင်းဆိုတာ ကိုယ့်အမြင်ကို တခြားသူ လက်ခံအောင် ပြောနေစဉ်မှာ တစ်ဖက်လူအသံကို သိအောင် ဖော်ထုတ်တာမျိုး ဖြစ်ပါတယ်။ ဆွေးနွေးမှုရဲ့ အဓိက အပိုင်းက သဘောတူပြေလည်မှုတစ်ခုဆီ ဦးတည်နေပါတယ်။ စကားပြောကောင်းသူတွေဟာ အခုပြောခဲ့တဲ့ Dialogue ၊ Debate နဲ့ Discussion တွေကို ပါးပါးနပ်နပ် အသုံးချတတ်သူတွေ ဖြစ်သလို စကားအသုံးအနှုန်း ၊ စကားအမူအယာနဲ့ အချိန်အဆဘက်မှာလည်း တော်တဲ့သူတွေ ဖြစ်ကြပါတယ်။

Featured Photo: Medium