ကျွန်တော်တို့ အားလုံးဟာ ကြီးကောင်ဝင်စအရွယ် ဆယ်ကျော်သက်ကတည်းက Underwear တွေနဲ့ ရင်းနှီးလာခဲ့ကြတာပါ။ Underwear ဆိုတဲ့အတိုင်းပဲ။ သူ့ရဲ့ Function က ကိုယ်ခန္ဓာရဲ့ မမြင်အပ်ရာနေရာကို ဖုံးကွယ်တဲ့အလုပ်ကို အဓိကလုပ်ပါတယ်။ Underwear တွေဟာ အရှက်ကို ကာကွယ်ပေးတဲ့အပြင် ကျန်းမာရေးအရလည်း အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ပါတယ်။

အမျိုးသားဝတ် Underwear တွေအကြောင်း ပြောမယ်ဆိုရင် အများဆုံး ၄ မျိုး ရှိပါတယ်။ ဒီထဲကမှ ကိုယ့် Body အမျိုးအစားပေါ် လိုက်ပြီး ဝတ်သင့်တဲ့ Type ဆိုပြီး ကွဲပြားသွားပါတယ်။ ကဲ .. ဘယ်လို Underwear တွေဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) Boxer-Briefs

Photo: New York Magazines

သူကတော့ နာမည်အကြီးဆုံး Underwear လို့ ဆိုရမှာပါ။ Boxerတွေက ပေါင်လုံပါတယ်။ လူကြိုက်များရတဲ့ အကြောင်းရင်းက သက်တောင့်သက်သာရှိပြီး အဓိကအင်္ဂါအစိတ်အပိုင်းကို လုံလုံခြုံခြုံနဲ့ ပင့်တင်ထားပေးနိုင်လို့ ဖြစ်ပါတယ်။ Gym ကစားတဲ့သူတွေနဲ့လည်း အဆင်ပြေပါတယ်။ Boxer-Briefs ဝယ်မယ်ဆိုရင် ချည်သားမျိုးရွေးပါ။ ဈေးနည်းနည်း ပိုများပေမယ့် ကျန်းမာရေးအရရော ဝတ်လို့ပါ ပိုကောင်းတာကြောင့် ဖြစ်ပါတယ်။

(၂) Briefs

Photo: Your Average Guy

ဒီမှာတော့ Briefs တွေ အဝတ်များကြပါတယ်။ ဒါပေမယ့် Briefs တွေက ပေါင်ပွန်းတာကြောင့် တခြားနိုင်ငံတွေမှာ အကြိုက်နည်းကြပါတယ်။ Briefs တွေက ပေါင်ခွဆုံပဲ လုံခြုံဖို့ အဓိက ဒီဇိုင်းထုတ်ထားတာပါ။ ဈေးလည်း Boxer တွေထက် သက်သာတာ များပါတယ်။ Briefs ကတော့ ဘော်ဒီသိပ်မထွက်တဲ့ ပုံမှန်ကိုယ်ခန္ဓာအမျိုးအစား အမျိုးသားတွေ ဝတ်သင့်ပါတယ်။ နည်းနည်း ဝရင်တော့ Boxer-Brief ကို ရွေးနိုင်ပါတယ်။

(၃) Trunks

Photo: undywear

Trunks တွေက ပေါင်ပြတ်စတိုင်ပါ။ Boxer နဲ့ Briefs အကြား ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ Briefs ထက် ပေါင်နေရာရှည်ထားပြီး Boxers တွေလောက်လည်း ပေါင်မရောက်ပါဘူး။ သူလည်း ဝတ်လို့ကောင်းပါတယ်။ ဘော်ဒီတောင့်တဲ့ အမျိုးသားတွေဆို Trunks ဝတ်တာ ပိုပြီး ဖက်ရှင်မိပါတယ်။ Trunks မှာ ပေါင်တိုလွန်းရင်လည်း အောက်အနားတွေ လိပ်တတ်ပါတယ်။ နည်းနည်း Long-Legged ဖြစ်တဲ့ Trunks မျိုးတွေက ပိုအဆင်ပြေမယ် ထင်ပါတယ်။

(၄) Boxers

Photo: undywear

Boxers တွေက လွတ်လပ်မှုနဲ့ ပေါ့ပါးမှုရဲ့ သင်္ကေတပါပဲ။ ကမ်းခြေမှာတောင် ဝတ်နိုင်လို့ သူ့ကို ဖက်ရှင်ကြည့်ပြီးပါ ဝယ်ဖို့ အကြံပြုချင်ပါတယ်။ Boxer တွေက Briefs တို့ Trunks တို့လို မကပ်ဘူး။ မကျပ်ပါဘူး။ နည်းနည်းချောင်ချောင်ချိချိနဲ့ လွတ်လပ်ပါတယ်။ Boxers ကတော့ ဘယ်လိုဘော်ဒီပိုင်ရှင်တွေမဆို ဝတ်နိုင်ပါတယ်။ ကိုယ်ခန္ဓာပေါ်လိုက်ပြီး ဆိုဒ်ပဲပြောင်းဖို့ လိုမှာ ဖြစ်ပါတယ်။ Boxers တွေကို ရွေးမယ်ဆိုရင်လည်း အမျိုးအစားကောင်းပြီး ချည်သားခိုင်ခန့်တာမျိုး ရွေးချယ်သင့်ပါတယ်။