Pants တွေဟာ သင့်ခါးအောက်ပိုင်းကို လုံခြုံလှပအချိုးကျအောင် တာဝန်ယူပေးတဲ့ ဖက်ရှင်ပစ္စည်းပါ။ ဒါပေမယ့်လည်း ယောင်္ကျားလေးအများစုဟာ ဘယ်ပွဲမှာ ဘာဘောင်းဘီ ဝတ်ရမလဲဆိုတာ မသိတာ များပါတယ်။ ဘောင်းဘီတွေဟာ သူ့နေရာနဲ့သူ ဝတ်ရတာပါ။ Jeans ချည်းပဲ ထည်လဲနဲ့ နေရာတကာ ဝတ်သွားလို့မကောင်းဘူးမလား။ ဒီတော့ Pants ဖက်ရှင်အမျိုးမျိုးနဲ့ သူတို့ကို ဘယ်လိုနေရာမျိုးမှာ ဝတ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အကြံပြုချင်ပါတယ်။
(၁) Classic Blue Jeans

Photo: onpointfresh
Blue Jeans တွေဟာ ဘယ်တော့မှ ခေတ်မတိမ်ပါဘူး။ နေရာအတော်များများမှာ Jeans Pants နဲ့ တင့်တယ်ပါတယ်။ အရပ်ထဲ ဟိုသွားဒီလာ ဝတ်တာကနေ လုပ်ငန်းခွင်မှာပါ Jeans Pants တွေ ဝတ်လို့ရပါတယ်။ Formal ပွဲတွေမှာပဲ Jeans ဖက်ရှင်ကို ရှောင်သင့်တာပါ။ Blue Jeans ဝယ်မယ်ဆိုရင် Quality ကောင်းပြီး ဝတ်ရတာ အနေတော် Proper Fitting ဖြစ်တဲ့ ဘောင်းဘီမျိုး ဝယ်ပါ။ မသေချာရင် နာမည်ကျော် Levi’s 512 Jeans လို Brand မျိုး ရွေးတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) Chino Pants

Photo: onpointfresh
Chino တွေဟာ ခေတ်ပေါ် Smart Casual ဖက်ရှင်မှာ နာမည်ကျော်တဲ့ Pants တွေ ဖြစ်ပါတယ်။ Chino Pants တွေနဲ့ အတော်အတန် ပွဲလမ်းသဘင်တွေပါ ဝတ်လို့ရပါတယ်။ မီတင်တွေ သွားရင် ၊ Dinner စားရင်လည်း ဝတ်သွားလို့ ကောင်းပါတယ်။ ဒီဘောင်းဘီတွေ ရွေးမယ်ဆိုရင် Standard Color ဖြစ်တာ ရွေးသင့်ပါတယ်။ အရောင်အနေနဲ့ ကာကီ ၊ Grey Color တွေက Classic ကျပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ Fit ဖြစ်ပြီး ဝတ်ရတာ သက်တောင့်သက်သာရှိဖို့လည်း စဉ်းစားရမှာပါ။
(၃) Trousers

Photo: onpointfresh
Trousers တွေကို ရုံးတက်ဖက်ရှင်လို့ လူသိများပါတယ်။ နောက်ပိုင်းထွက်လာတဲ့ Trousers တွေက အကွက်ဖက်ရှင်များပါတယ်။ Sneaker နဲ့ရော Loafers တွေနဲ့ပါ တွဲဝတ်လို့ကောင်းပါတယ်။ တချိုု့လည်း Dress Shoes တွေနဲ့ ဝတ်ကြပါတယ်။ သန့်သန့်ပြန့်ပြန့်နဲ့ မီးပူသေချာတိုက်ပြီးမှ ဝတ်ရမယ့် ဘောင်းဘီမျိုး ဖြစ်ပါတယ်။
(၄) Sweatpants

Photo: onpointfresh
Sweatpants တွေကို Gym ကစားသူတွေအဝတ်များပါတယ်။ Joggers တွေလို့လည်း ခေါ်ကြပါတယ်။ အားကစားလုပ်ရင်းတင် မဟုတ်ဘဲ အထာကျကျ လျှောက်သွားရင်လည်း ဝတ်လို့ကောင်းလို့ အခုနောက်ပိုင်း အဝတ်များလာကြပါတယ်။ လူငယ်အကြိုက် Pants ဖြစ်သလို ခေတ်မီတဲ့ လူလတ်ပိုင်းတွေလည်း ဝတ်ကြပါတယ်။
