ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုကို ဘောလုံးစွမ်းရည်ကြောင့်အပြင် တန်ဖိုကြီး ဇိမ်ခံကားတွေ စုဆောင်းမှုကြောင့်လည်း လူသိများပါတယ်။ CR7 စုဆောင်းထားတဲ့ ကား ၁၉ မျိုးထဲက ဈေးအချိုဆုံးကာက Mecedes-Benz C220 CDI ပါ။
အသားတင် ဒေါ်လာသန်း ၄၅၀ ဝန်းကျင် ပိုင်ဆိုင်တဲ့ ခရစ္စတီယာနိုရဲ့ ကားတွေထဲက အကောင်းဆုံး ကား ၅ မျိုးကို ရွေးထုတ် တင်ပြလိုက်ပါတယ်။
(၁) Bugatti Chiron
Photo: carfromjapan
ရိုနယ်ဒိုရဲ့ အကြိုက်ဆုံးကားတွေထဲမှာ Bugatti Chiron လည်း ပါပါတယ်။ သူစုဆောင်းသမျှကားတွေထဲမှာ ဈေးအကြီးဆုံးကားလည်း ဖြစ်ပါတယ်။ W-16 အင်ဂျင်နဲ့လာပြီး တစ်နာရီ မိုင်ပေါင်း ၂၆၀ ကျော် ပြေးနိုင်တဲ့ Super Sport ကားပါ။
မော်ဒယ် ၅၀၀ ပဲ ထုတ်ထားပြီး ဒေါ်လာ ၄.၇ သန်းကျော် တန်တဲ့ ကားဖြစ်ပါတယ်။ Bugatti brand တွေထဲမှာ အမြန်ဆုံးကားဆိုလည်း မမှားပါဘူး။
(၂) Lamborghini Aventador LP 700-4
Photo: carfromjapan
အီတာလျံ Super Cars တွေကိုလည်း ခရစ္စတီယာနိုက သဘောကျသူပါ။ သူ့မှာ အီတလီထုတ် ကားနှစ်စင်းတောင် ရှိပါတယ်။ တစ်စင်းက Ferrari ဖြစ်ပြီး ဒီတစ်စီးက Lamborghini Aventador LP 700-4 ဖြစ်ပါတယ်။မြင်းကောင်ရေ ၇၀၀ အား 6.5L V12 အင်ဂျင်တပ်ထားတဲ့ ဒီကားဟာ တစ်နာရီကို အမြင့်ဆုံး ကီလိုမီတာ ၃၅၀ အထိ တင်နိုင်ပါတယ်။ ရပ်ထားတဲ့ အနေအထားကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းအထိကို ၂.၉ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၃၄၀၀၀၀ အထိ ကျသင့်မှာပါ။
(၃) Aston Martin DB9
Photo: carfromjapan
Aston Martin ဟာ ဗြိတိန်ပြိုင်ကားအမှတ်တံဆိပ်ပါ။ ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ကားဂိုထောင်မှာ မပါမဖြစ် ကားဆိုလည်း မမှားပါဘူး။ ဒေါ်လာ ၂ သိန်းတန် Aston Martin DB9 ကတော့ ဒီဇိုင်းပိုင်း ခန့်ညားမှုနဲ့ ကျက်သရေ ရှိမှုမှာ နာမည်ကျော်ပါတယ်။
(၄) The Ferraris
Photo: carfromjapan
Ferraris တွေဟာ Supercars စုဆောင်းသူတွေ မျက်စိအကျဆုံးကား အမျိုးအစားထဲမှာ ပါပါတယ်။ ခရစ္စတီယာနိုကတော့ Ferrari ၃ စင်းတောင် ဝယ်ထားသူပါ။ သူ့ရဲ့ ကားဂိုထောင်ထဲမှာ ဒေါ်လာ ၃၈၅၀၀၀ တန် Ferrari 599 GTO ၊ ဒေါ်လာ ၃ သိန်းတန် Ferrari F430 နဲ့ ဒေါ်လာ ၃၁၀၀၀၀ တန် Ferrari 599 GTB Fiorano တို့ ရှိပါတယ်။
(၅) Rolls Royce Phantom
Photo: Marca
ကားဝါသနာရှင်တိုင်းရဲ့ အိပ်မက်ထဲမှာ စတီယာရင်ကိုင်ချင်ကြတဲ့ ကားအမျိုးအစားက Rolls Royce ပါ။ ခရစ္စတီယာနိုဟာ ဒေါ်လာ ၄ သိန်းတန် Rolls Royce Phantom ပိုင်ပါတယ်။ မြင်းကောင်ရေ ၅၆၃ ထုတ်နိုင်တဲ့ Turbo နှစ်လုံးတပ် V12 အင်ဂျင်နဲ့ လာတဲ့မော်ဒယ်ပါ။ဒီကားတွေအပြင် သူမှာ Maserati GranCabrio ၊ Porsche Cayenne ၊ Porsche Cayenne Turbo ၊ Porsche 911 Carrera 2S Cabriolet ၊ Mercedes-Benz C220CDI ၊ Mercedes-Benz C-Class Sports Coupe ၊ Bentley Continental GTC ၊ Audi RS6 နဲ့ Audi Q7 တို့လည်း ပိုင်ဆိုင်ထားပါတယ်။