လူတိုင်းဟာ ပျော်ရွှင်ကြည်နူးစရာ အချစ်ခရီးပဲ လျှောက်ချင်ကြတယ်ဆိုပေမယ့် တကယ်တမ်း စုံတွဲတွေအကြားမှာ မရည်ရွယ်ဘဲ လုပ်မိတဲ့ အမှားတွေ ရှိကြပါတယ်။ ဒီအမှားတွေကြောင့်ပဲ နာကျင်စရာ အချစ်ကို ပိုင်ဆိုင်သွားရတာဖြစ်လို့ အချစ်ရေးမှာ လျစ်လျှူရှုမထားသင့်တဲ့ အလေ့အထတစ်ချို့ကို သိထားဖို့လိုပါတယ်။

Source : Freepik
(၁) တစ်ခုခု သဘောထား မတိုက်ဆိုင်တိုင်း ကွဲမယ် ပြဲမယ်လို့ အကြပ်ကိုင်ခဲ့ဖူးတယ်ဆိုရင် တစ်ဘက်လူမှာ စိတ်အနာဖြစ်တော့မှာပါ။ ဒီစိတ်အနာ ရင့်လာပြီဆိုရင် ဘာမှမဟုတ်တဲ့ အကြောင်းသေးသေးလေးနဲ့လည်း နှစ်ရှည်လများတွဲတဲ့ အတွဲတွေ ကွဲတတ်ပါတယ်။
(၂) အချစ်ရေးမှာ တိုက်ရိုက်ဆက်သွယ်မှုက အရေးကြီးဆုံးပါ။ အပြင်လူကို ယုံပြီး ကိုယ့်ကောင်မလေးရဲ့ ဆိုးကွက် ညံ့ကွက်တွေနဲ့ ကိုယ့်အပေါ် ဘယ်လို မကောင်းတာ လုပ်တယ်ဆိုတာ သွားပြောနေတာဟာ တကယ့်ပြဿနာကို ဖိတ်ခေါ်လိုက်တာပါပဲ။ အတူတူဖြေရှင်းဖို့ ချစ်သူတွေ ဖြစ်လာခဲ့တာပါ။
(၃) ဂရုစိုက်ခြင်း မစိုက်ခြင်းဟာ အချစ်ရေးမှာ ပြင်းထန်တဲ့ အပြစ်တစ်ခု ကျူးလွန်မိတာပါပဲ။ ပုံမှန် ဖုန်းဆက် မက်ဆေ့ပို့တာတောင် မလုပ်ဖြစ်တော့ဘူး။ အဝေးတစ်နေရာကနေ ပြန်လာလိုွှ အမှတ်တရ လက်ဆောင်လေးမှ ဝယ်မလာဖြစ်ဘူး ။ သွေးအေးလာပြီဆိုရင် ကွဲဖို့အက်ကြောင်း ကြီးလာတော့မှာ့ပါ။

Source : Freepik
(၄) ကိုယ့်အလုပ်မှာ ကြုံခဲ့တဲ့ စိတ်ပျက်စရာတိုင်းကို ကောင်မလေးရှေ့ချပြတယ်။ ပျော်စရာလည်း မရှိတော့ဘူး။ အဆိုးမြင်တာ များလာတဲ့ လူတစ်ယောက်အနား ဘယ်သူက နေချင်တော့မှာလဲဆိုတာ စဉ်းစားသင့်ပါတယ်။ အကောင်းဆုံးက မျှတွေးတတ်တဲ့အကျင့် ရှိဖို့ပါပဲ။
(၅) တစ်ချို့လူတွေက ကိုယ့်ကောင်မလေးကို ချစ်ကြောင်းပြဖို့ နေရာတိုင်းမှာ လိုက်ပြီး သဝန်တိုပြတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဘယ်အမျိုးသမီးကမှ သူ့ဘဝတစ်လျှောက်လုံး တုပ်နှောင်မယ့် အချစ်မျိုးကို ကြိုက်တာ မဟုတ်ပါဘူး။ နေရာတိုင်း လိုက်ပြီး သဝန်တိုစရာ မလိုသလို အချိန်တိုင်းလည်း သဘောထားကြီးပြစရာ မလိုပါဘူး။
