ကမ္ဘာ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းခန့်က ဝမ်းချုပ်ခြင်းကို ခံစားနေကြရပါတယ်။ ဝမ်းချုပ်ခြင်း အကြောင်းအရင်းများကတော့ ခန္ဓာကိုယ်တွင် ရေဓာတ်ခမ်းခြောက်ခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ အာရုံကြောနစ်ကို ထိခိုက်စေသည့် ရောဂါများ ခံစားနေရခြင်း၊ ဆေးဝါးများ မှီဝဲနေရခြင်း အစရှိတဲ့ အကြောင်းအရင်းများကြောင့်ပဲဖြစ်ပါတယ်။

စတိုင်လ်ကျတဲ့ ယောကျာ်းတစ်ယောက်က သူ့ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်လေ့ရှိပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုသလို ကျန်းမာနေစေဖို့အတွက် နေ့စဉ်ဝမ်းမှန်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်လည်း ဝမ်းချုပ်ခြင်းကို ခံစားနေရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများက သင့်ရဲ့ကျန်းမာရေးပြဿနာကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

ပန်းသီး

foods for healthy lifestyle

ပန်းသီးမှာ အမျှင်ဓာတ်များ အမြောက်အမြားပါဝင်တဲ့အတွက်ကြောင့် နေ့စဉ်စားသုံးပေးပါက ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။

ကီဝီသီး

foods for healthy lifestyle

ကီဝီသီးတစ်လုံးမှာ အမျှင်ဓာတ် ၂.၃ ဂရမ်ခန့် ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ တစ်နေ့လျှင် ကီဝီသီးတစ်လုံးခန့် နေ့စဉ်စားသုံးပေးပါက ရက်သတ္တပတ် (၄) ပတ်ကြာတဲ့အခါ ဝမ်းချုပ်ခြင်းဝေဒနာ ပျောက်ကင်းသွားတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

အချဉ်ဓာတ်ကြွယ်ဝသော အစားအစာများ

foods for healthy lifestyle

အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများဖြစ်ကြတဲ့ လိမ္မော်သီး၊ Grapefruits သီး၊ ပင်မှန်ည့်သီးများက အမျှင်ဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်ပဲဖြစ်ပါတယ်။ နေ့ခင်းနေ့လည်တွင် ထိုအသီးများကို သွားရေစာအဖြစ် စားသုံးပေးပါက ကျန်းမာရေးအတွင် အထူးကောင်းမွန်ပါတယ်။

ဟင်းနုနွယ်နှင့် အခြားအစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

foods for healthy lifestyle

အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များက အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် နေ့စဉ် စားသုံးပေးပါက ဝမ်းချုပ်ခြင်းကို သက်သာစေပါလိမ့်မယ်။

ကန်စွန်းဥ

foods for healthy lifestyle

ကန်းစွန်းဥတစ်လုံးမှာ အမျှင်ဓာတ် ၃.၈ ဂရမ်ပါဝင်တာကြောင့် သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်ကို ၁၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ပါတယ်။

သစ်တော်သီး

foods for healthy lifestyle

Source: Libertyprim.com

သစ်တော်သီးများကလည်း အမျှင်ဓာတ် ကြွယ်ဝသော သစ်သီးတစ်ခုဖြစ်တာကြောင့် နေ့စဉ်စားသုံးပေးပါက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာအိမ်ပြဿနာများကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

Source: Healthline.com